ကိုယ်ခန္ဓာအလှကို ဂုဏ်ယူမိဟု စင်ဒီကရော့ဖို့ပြောကြား

alt

နာမည်ကြီး ကိုယ်ဟန်ပြမယ် စင်ဒီကရောဖို့က သူမ၏ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်မှု အတွက် ဂုဏ်ယူ နေမိကြောင်း ပြောကြား လိုက်သည်။

ကလေးနှစ်ယောက်၏ မိခင်ဖြစ်သူ အသက်(၄၃)နှစ်အရွယ် ကရောဖို့သည် ဟောလီးဝုဒ်၏ အလှပဆုံး အမျိုးသမီး တစ်ဦးအဖြစ် ရပ်တည် နေဆဲဖြစ်သည်။ ကရောဖို့က အသက်အရွယ် ကြောင့် သူမ၏ ကိုယ်ခန္ဓာအလှ ပျက်ဆီးသွားမှုမျိုး မရှိသည့်အတွက် ကျေနပ်မိသည်ဟု ဆိုသည်။ ကရောဖို့တွင် အသက် (၉) နှစ်အရွယ် သားငယ် ပရက်စလီဝေါ့ကား နှင့် အသက်(၇) နှစ်အရွယ် သမီးငယ် ကီရာဂျော်ဒန် ဆိုသည့် သားသမီး (၂) ဦးရှိသည်။

နာမည်ကျော် ကိုယ်ဟန်ပြမယ်က သူမ၏ အချိုးအစားအတွက် ကျေနပ်နေသည့်တိုင် ဇရာကြောင့် မျက်နှာအလှအပ ယိုယွင်းလာမည်ကိုမူ စိုးရိမ်မိကြောင်း ၀န်ခံခဲ့သည်။ စင်ဒီက သူမ၏ ခန္ဓာကိုယ် အရေပြားများ တင်းရင်း လှပနေစေရန် ဂရုစိုက်လေ့ရှိပြီး ခန္ဓာကိုယ်အနှံ့ Night Cream ကဲ့သို့ အလှကုန်များ ပုံမှန် လိမ်းကျံကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here