လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများအား တရုတ်ရဲက ကယ်ဆယ်ခဲ့ရ

alt

လူကုန်ကူးမှု နှင့် ကြံုတွေ့ရသည့် မြန်မာ အမျိုးသမီး (၃) ဦးအား တရုတ်ရဲများက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများ သည် နိုင်ငံရပ်ခြား တွင် အလုပ်အကိုင်၊ လစာကောင်းကောင်း ရရှိမည်ဟူသော မက်လုံးကို ယုံစားကာ လိုက်ပါလာခြင်း ဖြစ်ပြီး မတ်လ(၂၄) ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ခရိုင်ရှိ ရွှေလီတွင် တရုတ်နိုင်ငံရှိ တရားမဝင် ရောက်ရှိလာသူများ ရှာဖွေ ဖော်ထုတ်နေသည့် ရဲဌာန က တွေ့ရှိခဲ့သည်။

အမျိုးသမီး နှစ်ဦးမှာ အသက် (၂၆) နှစ်စီရှိပြီး ဗန်းမော်မြို့အနီး၊ ကျေးရွာတခုမှ ဖြစ်ကြောင်း အာဏာပိုင်များ ကဆိုသည်။ ထိုအမျိုးသမီး (၂) ဦးလုံးတွင် ကိုယ်ဝန်များ ရှိနေပြီဟုလည်း ရဲများက ထပ်မံ ပြောကြားလိုက်သည်။

တတိယ အမျိုးသမီးကမူ သူမအား ဖမ်းဆီးထားသူများ လက်မှ လွတ်အောင်ပြေးကာ ရဲဌာနသို့ ရောက်ရှိ လာခြင်းဟု သိရသည်။ သူမသည် အခြားသော အမျိုးသမီးများ နှင့်အတူ ယူနန်ရှိ တိုင်ဟီမြို့နယ် တွင် ဒေါ်လာ(၃၅၀၀) မျှဖြင့် ရောင်းစား ခံခဲ့ရခြင်းဟု ရဲများက ပြောကြားခဲ့သည်။

သူမတို့သည် ယူနန်သို့ ဒီဇင်ဘာလ (၈) ရက်နေ့က ရောက်ရှိလာခဲ့့ကြသည်။ တရုတ်ရဲများက မြန်မာ အမျိုးသမီးများ အား တရုတ်နိုင်ငံထဲသို့ တရားမဝင် ခေါ်ဆောင်လာပြီး ရောင်းစားခဲ့သည့် အမျိုးသမီးအား ဖမ်းဆီး သွားမည်ဟု ကြေညာခဲ့သော်လည်း သူမ၏ အမည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here