YouTube ကို တရုတ်နိုင်ငံတွင် ပိတ်ပင်လိုက်

alt

တရုတ်နိုင်ငံသည် YouTube ဗီဒီယိုများ ပြည်တွင်းတွင် ကြည့်ရှုရန် ခွင့်မပြု တော့ကြောင်း သိရှိရသည်။ Google က တရုတ် အာဏာပိုင်များ သည် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် အား ပိတ်ပစ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။

ထို့အပြင် တရုတ် အစိုးရ အနေနှင့် မည်သည့် အကြောင်းပြချက်ဖြင့် ယခုလို ပိတ်ဆို့ခြင်း ဆိုသည်ကို သဘောမပေါက် ကြောင်းလည်း Google ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် စကော့ရူဘင် က ၀န်ခံခဲ့သည်။ မတ်လ(၂၄)ရက်နေ့ မနက်ပိုင်းမှစပြီး YouTube ကို တရုတ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ မတိုင်မီကတည်းက YouTube ကို တရုတ်နိုင်ငံမှ ၀င်ရောက် ကြည့်ရှုသူများအနေနှင့် နှေးကွေးလာမှုများ ကြံုခဲ့ရသည်။

တရုတ်နိုင်ငံရေး အကဲခတ်များကမူ မတ်လအတွင်း ကျရောက်မည့် တိဘက်ဒေသ လူ့အခွင့်အရေး ဆန္ဒပြသူများကို တရုတ် အစိုးရ က နှိမ်နင်းခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် ထိုအချိန်က ရိုက်ကူးခဲ့သည့် ဗီဒီယို File များကို YouTube တွင် ပြန်တင်မည်ကို စိုးရိမ်သဖြင့် ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။ Google ကမူ ၎င်းတို့၏ Service ကို တရုတ်ပြည်သူများ ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here