ဒေါ်စု နှင့် ၈၈ ကျောင်းသား ခေါင်ဆောင်များ ကိုဖမ်းဆီးမှု ဥပဒေနဲ့မညီ

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည် နှင့် ၈၈ ကျောင်းသား ခေါင်ဆောင်များအား မြန်မာ စစ်အစိုးရက ဖမ်းဆီးထိမ်းသိမ်း ထားခြင်းသည် မြန်မာပြည်တွင်း သာမက နိုင်ငံတကာ ဥပဒေစံနှုန်း များနှင့် ကိုက်ညီမှု မရှိဘူးဆိုသည့် အဆိုကို လက်ခံ သဘောတူတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ Arbitrary Detention ခေါ် ဥပဒေမဲ့  မတရား ချုပ်နှောင် ဖမ်းဆီးမှုများအား စုံစမ်းရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ Arbitrary Detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှုများအား စုံစမ်းစစ်ဆေးနေသော အလုပ် အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံ နှင့် ပတ်သက်ပြီး ပထမဆုံး အကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အား မတရားဖမ်းဆီး ထားခြင်းအား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ Arbitrary Detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှု စုံစမ်းစစ်ဆေးနေသော အလုပ် အမှုဆောင်အဖွဲ့မှ ယခုလို သဘောထား တုံ့ပြန်၍ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ရှေ့နေလိုက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရက ဖမ်းဆီးထားတာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကို ကုလသမဂ္ဂကို တင်ပြ ပြောဆိုခဲ့ကြောင့် လည်းဖြစ်ပါတယ်။ အခုလို ထုတ်ပြန်ချက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘယ်လောက် ထိ အကျိုး သက်ရောက်မှု ရှိလဲ ဆိုတာကို Freedom Now အဖွဲ့က ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာ (Jared Genser) က “ရှေ့ကို ဆက်ပြီး အလုပ်လုပ်ဖို့အတွက် အဆင့်လေးတခုအနေနဲ့ အရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ Arbitrary Detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှု တွေကို စုံစမ်းစစ်ဆေးတဲ့ အလုပ် အမှုဆောင်အဖွဲ့ မှာ အကဲဖြတ်တဲ့ တရားသူကြီး ၅ ယောက် ပါရှိပြီး၊ ချီလီ၊ ပါကစ္စတန်၊ ရုရှား၊ ဆီနီဂေါနဲ့ စပိန်တို့ကလို့ သိရှိရပါတယ်။ အခုလို ထုတ်ပြန်ချက် အရဆိုရင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ ကျောင်းသား ခေါင်ဆောင်များ ကို ဖမ်းဆီးခံနေရတာကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေကတင် မကဘဲ ကုလသမဂ္ဂ လည်း နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အခြေအနေ ဖြစ်တယ်ဆိုတာ ကို ဖေါ်ပြနေတဲ့ သဘောဆောင် နေတယ်လို့ သိရပါတယ်။ “စစ်အစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ Arbitrary Detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှု တွေကို စုံစမ်းစစ်ဆေးတဲ့ အလုပ် အမှုဆောင်အဖွဲ့ရဲ့ ပြောတာကို ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် ကျနော်တို့တင်ပြနေတဲ့ အချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက လက်ခံလာတာ ထင်ရှားတဲ့အတွက် ဒါဟာ ရှေ့ဆက်ဖို့အတွက် ထူးခြားတဲ့တိုးတက်မှုလို့ ကျနော်မြင်ပါတယ်” ဆိုပြီး Freedom Now အဖွဲ့က ရှေ့နေ ဂျားရက်ဒ် ဂျန်ဆာက VOA ကို ပြောဆို သွားခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ arbitrary detention ခေါ် ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို စုံစမ်းရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်၊ ပြန်လည် ပြောဆိုချက် အပြည့်အစုံ

Publish at Scribd or explore others: Periodicals & Report dassk press release Opinion No 43-2008 – Min Ko Naing Et Al Publish at Scribd or explore others: Reports Periodicals & Report opinion no 432008 m

LEAVE A REPLY

Please enter your comment!
Please enter your name here