နာဂစ် ကာလနစ်မြုပ် ပင်လယ်ကူးသင်္ဘော မြန်မာနိုင်ငံမှ ဆယ်ယူပေးခဲ့

alt

နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် ကာလက နစ်မြုပ်သွားခဲ့သည့် ဂျပန်ပိုင် ပင်လယ်ကူး သင်္ဘောတစင်းကို မြန်မာနိုင်ငံမှ ဆယ်တင် ပေးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဂျပန် အခြေစိုက် Eastern Car Liner မှပိုင်ဆိုင်သော MV Cosmic Leader သင်္ဘောသည် (၂၀၀၈)ခုနှစ်၊ မေလဆန်းက တိုက်ခတ်သွားသော ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် နစ်မြုပ်နေခဲ့ရာမှ မြန်မာ အင်ဂျင်နီယာများ အကူအညီဖြင့် ဆယ်တင်ပြီး ပြီးခဲ့သော သီတင်းပါတ်ကုန်က ရန်ကုန်မြို့သို့ သယ်ဆောင် လာခဲ့သည်။

သင်္ဘောကြီးအား လိုအပ်သော ပြန်လည် မွမ်းမံမှုများနှင့် ပြုပြင်မှုများ ပြုလုပ်သွားမည် ဟုလည်း သိရသည်။ အဆိုပါ သင်္ဘောသည် တန်ချိန် (၉၈၀၀) လေးပြီး (၁၉၉၁)ခုနှစ်က တည်ဆောက်ကာ ဂျပန်၊ အိန္ဒိယ နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကူးလူး ပြေးဆွဲနေခဲ့သည်။

နာဂစ် မုန်တိုင်းကြီး တိုက်ခတ်စဉ်က ဟိုင်းကြီးကျွန်း တောင်ပိုင်းတွင် သင်္ဘော နစ်မြုပ်ခဲ့ပြီး ထိုအချိန်တွင် သစ်များ တင်ဆောင်ထားကြောင်း သိရသည်။ လက်ရှိ အချိန်တွင် နာဂစ်ကြောင့် နစ်မြုပ်ခဲ့သည့် ရေယာဉ်စုစုပေါင်း အစင်း(၄၀) အနက်မှ (၃၂)စင်းအထိ ဆယ်တင်ပြီး ဖြစ်သည်။

ထို့အပြင် ပဲခူးမြစ် အတွင်း ဒုတိယကမာ္ဘစစ် လက်ကျန် တင့်ကားကြီး တစင်းကိုလည်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ထိုစဉ်က ဂျပန်တပ်များ မြန်မာနိုင်ငံ အတွင်း ကျူးကျော် ၀င်ရောက်စဉ်က ဒုတိယကမာ္ဘစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်လာစဉ် ထိုတင့်ကားကြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသော်လည်း မဟာမိတ် တင့်ကား (သို့မဟုတ်) ဂျပန်တင့်ကား ဆိုသည်ကို မခွဲခြား ရသေးကြောင်း သိရသည်။

alt

ထို တင့်ကားအား တံငါသည်များက အမှတ်မထင် တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး မတ်လ(၇) ရက်နေ့တွင် ရေပေါ်သို့ ဒေသခံများက ဆယ်တင်နိုင် ခဲ့သည်။ ထို တင့်ကားကြီး ဆယ်တင်ရေး အတွက် ဖေဖော်ဝါရီ လဆန်း ကတည်းက ကြိုးပမ်း နေခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here