အသစ်ထွက်ပြီ ဖြစ်တဲ့ မိုက္ကရိုဆော့(ဖ်) ဘရောက်ဇာ အမှတ် ၈

alt

Microsoft အနေနှင့် Browser လောကတွင် ကျဆင်း ခဲ့ရသည့် အရှိန်အဝါကို ပြန်လည် ရရှိနိုင်မည့် အဓိက ခြေလှမ်းတခု ဖြစ်သည့် IE8 ကို Full Version အဖြစ် ထုတ်လွှင့် လိုက်ပြီ ဖြစ်သည်။

ထို Browser သစ်သည် (၂၀၀၆)ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း မိုက်ခရိုဆော့(ဖ်) ကော်ပိုရေးရှင်းကြီး၏ Browser ဆိုင်ရာ အရေးအပါဆုံး လုပ်ဆောင်ချက် တခုလည်း ဖြစ်သည်။

Browser လောကတွင် အချိန်တို အတွင်း အောင်မြင် လာနေသည့် Mozilla ထုတ်ကုန် Firefox ကို အဓိက ယှဉ်ပြိုင်သွားမည့် IE8 တွင် Beta Version များအတွင်း ထည့်ပေးထားသည့် Web Slices ကဲ့သို့ ၀န်ဆောင်မှုများ ပါလာမည် ဖြစ်သည့်အပြင် Web စာမျက်နှာအလိုက် လိုအပ်သည့် အချက်အလက် များကို ကူးယူကာ အခြား စာမျက်နှာတွင် ပြန်ဖော် အသုံးပြုမှုမျိုး ဆောင်ရွက် နိုင်မည်ဖြစ်သည်။

IE8 ၏ ထူးခြားမှု တခုမှာ လုံခြံုရေးပိုင်းတွင် သိသိသာသာ တိုးတက်လာပြီး Privacy ကဏ္ဍ အတွက်လည်း ယခင်ထက် အဆင့်မြင့်လာအောင် ဆောင်ရွက် ပေးထားခြင်းပင် ဖြစ်သည်။ IE8 ကို Download အခမဲ့လုပ်ခွင့် ပြုထားပြီး Microsoft က ယခင်ကဲ့သို့ Browser လောကအတွင်း အောင်မြင်မှု ကြီးကြီးမားမား ပြန်ရလာရန် မျှော်လင့်ထားကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here