ဂျူလီယာ ရောဘတ်ရဲ့ Duplicity ရုပ်ရှင်ကို ဆွဲချနေရာ ယူသွားတဲ့ နီကိုလပ် ကေ့ချ်ရဲ့ Knowing

alt

ယခု သီတင်းပါတ် အကုန် ထိပ်ဆုံး ရုပ်ရှင်စာရင်းတွင် မင်းသား နီကိုလပ် ကေ့ချ်၏ Knowing အမည်ရှိ သိပ္ပံရုပ်ရှင် ဇာတ်ကားသည် Box Office တွင် ဒေါ်လာ(၂၄.၈) သန်းဖြင့် ထိပ်ဆုံးနေရာမှ ရပ်တည်နေ လျှက်ရှိသည်။

ထိုဇာတ်ကား အတွင်း ကေ့ချ် အနေနှင့် ကမာ္ဘမြေကို ကယ်တင်မည့် ရူပဗေဒ ပရော်ဖက်ဆာ တဦးအဖြစ် သရုပ်ဆောင် ထားသည်။ ပေါလ်ရုဒ်၏ ဇာတ်မြူးကား I Love You, Man သည် Box Office တွင် ဒုတိယနေရာမှ လိုက်နေပြီး ဒေါ်လာ (၁၈)သန်းမျှ ဝင်ငွေရရှိနေပြီ ဖြစ်ကြောင်း ခန့်မှန်း ထားကြသည်။

မင်းသမီး ဂျူလီယာ ရောဘတ် ပါ၀င်သော  ဆွတ်ပျံ့ဖွယ် သူလျှို အချစ် ထောက်လှမ်းရေး ဇာတ်ကားဖြစ်သည့် “Duplicity” သည် တတိယ နေရာတွင်သာ ရပ်တည်နေပြီး ဒေါ်လာ(၁၄.၄)သန်းဟု Box Office တွင် ဖော်ပြထားသည်။

ထို့အပြင် ကလေးကြိုက် ကာတွန်း Race The Witch Mountain က ဒေါ်လာ(၁၃)သန်း၊ သိပ္ပံ လူစွမ်းကောင်း ဇာတ်ကား Watchmen က ဒေါ်လာ(၆.၇) သန်းဖြင့် Box Office ထိပ်ဆုံး(၅) နေရာတွင် စာရင်းပေါက်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here