မြန်မာ့ ဘောလုံးဈေးကွက် အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ကူညီမည်

alt

ကမာ္ဘ့ ဘောလုံးအဖွဲ့ချုပ် FIFA သည် မြန်မာနိုင်ငံ အတွင်း ဘောလုံး ဈေးကွက် ဖွံ့ဖြိုး တိုးတက်လာစေရေး ကူညီ သွားမည်ဟု သိရသည်။

FIFAမှ အဖွဲ့ဝင် (၄)ဦး ပါ၀င်သော ဈေးကွက် ကျွမ်းကျင်သူ အဖွဲ့သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ထံ လာရောက်ပြီး မြန်မာနိုင်ငံ၏ ဆုကြေးစား ဘောလုံးလောက စီမံကိန်း စတင်မည့် အသင်း(၈)သင်း၏ ဈေးကွက်ဆိုင်ရာ အပြောင်းအရွှေ့ များတွင် လိုအပ်သော အကြံဉာဏ်များ ပေးပြီး သင်တန်း ပို့ချမှုများလည်း ပြုလုပ် ပေးသွားမည်ဖြစ်သည်။

ထို သင်တန်းသည့် MFF မှ အဖွဲ့ဝင် (၆)ဦးမျှ တက်ရောက်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆုကြေးစား အဆင့်သို့ ကူးပြောင်းရေး အတွက် ဆောင်ရွက် နေမှုများအရ ဆုကြေးစား ဘောလုံးအသင်း (၈)သင်းတို့သည် လာမည့် မေလမှ စပြီး အမျိုးသား လိဂ်ဖလား ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင် ရမည်ဖြစ်သည်။ MFF အနေနှင့် ထိုပြိုင်ပွဲဝင် အသင်းများတွင် ကစားသမား (၃၃)ဦးထိ ဖွဲ့စည်းရန် နှင့် နိုင်ငံခြား ကစားသမား (၅)ဦးအထိ စာချုပ်ခေါ်ယူနိုင်ရန် ခွင့်ပြုထားသည်။

ပြိုင်ပွဲများကို အထက် မြန်မာနိုင်ငံနှင့် အောက် မြန်မာနိုင်ငံဟု ဇုန်နှစ်ခု ပိုင်းခြားကာ ပြုလုပ်သွားမည် ဖြစ်သည်။ ကမော္ဘဇ FC၊ ရတနာပုံ FC၊ မကွေး FC၊ ဇေယျာရွှေပြည် FC ဘောလုံး အသင်းများသည် အထက် မြန်မာနိုင်ငံဇုန်တွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ရတနာပုံ ယူနိုက်တက် FC၊ တောင်ပိုင်းမြန်မာ FC၊ ဥဿာ FC နှင့် ဒယ်လ်တာယူနိုက်တက် FC တို့သည် အောက် မြန်မာနိုင်ငံဇုန်မှ ပါ၀င် ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here