ဓါတုဆေးဝါး ပါဝင်သည်ဟု သံသယ ဖြစ်ခံရသော Johnson & Johnson

alt

Johnson & Johnson ကလေး အသုံးအဆောင် ကုန်စည်များတွင် အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတု ဆေးဝါးများ မပါ၀င်ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက အတည်ပြု ပြောဆိုလိုက်ပြီ ဖြစ်သည်။

အမေရိကန်ရှိ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တခုက J&J ထုတ်ကုန် ပစ္စည်းများ အတွင်း ဓာတု အရောအနှောများ ပါ၀င်ခြင်း ရှိမရှိ စစ်ဆေးပေးရန် တောင်းဆို ခဲ့ပြီးနောက် တရုတ် အာဏာပိုင်များက စီစစ်မှုများ ပြုလုပ်ကာ ယခုကဲ့သို့ ကြေငြာ ပေးခဲ့ခြင်း ဖြစ်သည်။

1-4 Dioxane များ ရောနှောနေသည် ဆိုသည့် အထောက်အထားများ မတွေ့ ရပါဟု တရုတ် ကျန်းမာရေး အာဏာပိုင်များ၏ ၀ဘ်ဆိုဒ်က ဆိုသည်။ J&J ထုတ်ကုန်များတွင် အရောအနှောများ ပါ၀င်နေပြီး ကျန်းမာရေး အတွက် ထိခိုက် စေနိုင်သဖြင့် ထိုလုပ်ငန်းမှ ထုတ်ကုန်များ အားလုံးကို ဆန့်ကျင် သွားကြရန် တိုက်တွန်း နှိုးဆော်နေမှု များကိုလည်း ဘေဂျင်းရှိ တရုတ် အစိုးရက ပယ်ချခဲ့သည်။

J&J ၏ ထုတ်ကုန်များကို တရုတ်နိုင်ငံ အတွင်းရှိ စတိုးဆိုင်ကြီး (၃၅၀၀) ကျော်တွင် ရောင်းချ လျှက်ရှိကြောင်း တရုတ်အစိုးရက ထပ်လောင်း ကြေညာထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here