ပေါင်သန်း(၃၀)ကျော် အသုံးချကာ လီဗါပူးအား မောင်းနှင်မည့် ဘင်နီတက်ဇ်

alt

လီဗာပူးအသင်း နှင့် စာချုပ်သစ် ချုပ်ဆိုထားသော နည်းပြ ဘင်နီတက်ဇ် အဖို့ အပြောင်းအရွှေ့ အတွက် ပေါင်သန်း (၃၀)ကျော် အသုံးချနိုင်မည့် အခွင့်အရေး တရပ်ပါ ရရှိခဲ့ကြောင်း သိရသည်။

အင်္ဂလန် ပရီးမီးယား လိဂ် နာမည်ကျော် အသင်းကြီး ၏ စပိန်လူမျိုး နည်းပြကြီးသည် လီဗါပူးအသင်းနှင့် (၅)နှစ် သက်တမ်းတိုး စာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။

အသင်းပိုင်ရှင် တွမ်ဟစ် သည် ဘင်နီတက် အတွက် အသုံးစရိတ် ပေါင်သန်း(၂၀) ချပေးခဲ့သည့် အပြင် ရော်ဘီကိန်းအား တော့တင်ဟမ် ဟော့စပါး အသင်းသို့ ပြန်လည် ရောင်းချရာမှ ရရှိခဲ့သည့် ပေါင်(၁၂)သန်း ကိုလည်း ဖြည့်ပေး ခဲ့သောကြောင့် ဘင်နီတက်ဇ် အတွက် အသုံးစရိတ် ပေါင်(၃၂)သန်းထိ ရှိလာခဲ့သည်။

သတင်းများ အရ ဘင်နီတက်ဇ်သည် အက်စတွန်ဗီလာ အသင်း ကပ္ပတိန် ဂရတ်ဘာရီ နှင့် တော့တင်ဟမ် ဟော့စပါး ကွင်းလယ် တောင်ပံလူ အာရွန် လင်နွန် တို့အား ခေါ်ယူရန် စိုင်းပြင်းနေကြောင်း သိရသည်။

ဘင်နီတက်ဇ်သည် အဆိုပါ အင်္ဂလန် လက်ရွေးစင်နှစ်ဦးအား အားဖြည့်သွားနိုင်ရန် မျှော်လင့်နေသလို အသင်းရှိ ထိပ်တန်း ကစားသမားများကိုလည်း စာချုပ်သက်တမ်း တိုးမြှင့်ရန် ပြင်ဆင်လျှက် ရှိကြောင်း သိရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here