FedEx စာတိုက်ချောပို့ လေယာဉ် တိုကျိုလေဆိပ်တွင် ပျက်ကျ ၂ဦးသေဆုံး

alt

တိုကျို နာရီတာ လေဆိပ် တာဝန်ခံ အရာရှိများ ပြောကြားချက် အရ၊ အမေရိကန် ကုန်တင်လေယာဉ် FedEx သည် နာရီတာလေဆိပ်သို့ ဆင်းသက်စဉ် လေပြင်း တိုက်ခတ်မှုကြောင့်

 လေယာဉ်မှာ မီးလောင် ပေါက်ကွဲ သွားပြီး အမေရိကန် လူမျိုး လေယာဉ်မှူး (၂)ဦး သေဆုံး သွားကြောင်း ထုတ်ပြန် ကြေညာ လိုက်သည်။

FedEx ပြောရေး ဆိုခွင့်ရှိသူ Mr. Matt Ceniceros က FedEx Express Flight 80 သည် တရုတ်ပြည် ဂွမ်ဇောင်းမြို့ မှ ထွက်ခွာလာပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နာရီတာသို့ တနင်္လာနေ့ နံနက် ၆နာရီ အဆင်းတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုကာ လေယာဉ်မှာ တိုက်ခတ်သော လေပြင်းကြောင့် လေယာဉ်ပြေးလမ်းဖြင့် (၂)ကြိမ် ခပ်ပြင်းပြင်း ဆောင့်မိပြီး မီးလောင် မပေါက်ကွဲခင် လေယာဉ်မှာ ဘယ်ဘက်သို့ အလွန်အမင်း တိမ်းစောင်းကာ ယခုလို ပျက်ကျရခြင်း ဖြစ်သည်ဟု နာရီတာ လေဆိပ် အာဏာပိုင် Mr. Masaru Fujisaki မှ ဆိုသည်။

ယခု လေယာဉ်ပျက်ကျခြင်းမှာ လေပြင်း တိုက်ခတ်မှု ကြောင့်ဖြစ်သည်ဟု  ဂျပန် အာဏာပိုင်များ အတည်ပြုကာ  လေယာဉ်မှာ ကုန်တင် လေယာဉ်အမျိုးအစား Mc Donnell Douglas MD-11 ဖြစ်ပြီး FedEx ပိုင် ဖြစ်သည်။

လေဆိပ်ရှိ တာဝန်ရှိသူများ လေ့လာချက်များ အရ လေတိုက်နှုန်းမှာ လေယာဉ်ပျက်ကျစဉ် အတွင်း တနာရီ မိုင်၃၀မှ မိုင်၅၀အတွင်း ရှိသည်ဟု သတင်းပို့ချက်များ အရ သိရကာ ဂျပန်နိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သော နာရီတာလေဆိပ်၏ အရှည်ဆုံး လေယာဉ် ပြေးလမ်း(၂) ခုအနက် လေယာဉ်ပြေးလမ်း A တွင် အဆိုပါ ကုန်တင်လေယာဉ်မှာ ဆင်းသက်ခဲ့သည်ဟု ဆိုပါသည်။

ဂျပန်တိုကျို သတင်းဌာနမှ ပြောကြားရာ၌ မီးသတ်သမားများသည် လေယာဉ်အမှုထမ်း ၂)ဦး၏ အသက်ကို ကယ်တင်နိုင်ရန် မီးလောင် ပျက်စီးနေသည့် အကြားမှ ကြိုးပမ်း ခဲ့ကြသေးသည်ဟု ဆိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here