ဘရုစ်ဝီးလီး နှင့် မော်ဒယ်လ် အမ်မာ ဟမ်းမင်း တို့ မင်္ဂလာပွဲ ပြီးစီး

alt

ကာရစ်ဘီယန် ပင်လယ် အတွင်းရှိ ဘရုစ်ဝီးလီး ၏ အပန်းဖြေစံအိမ် တည်ရှိရာ တက်စ် နှင့် ကိုင်ကို့စ် ကျွန်းရှိ ပဲရော့ ကေး တွင် သူတို့ မိသားစုနှင့် နားလည်မှု အရှိဆုံး မိတ်ဆွေ အနည်းငယ်ဖြင့်သာ မင်္ဂလာပွဲ ဆင်ယင်နွဲ ခဲ့သည်ဟု ဘရုစ်ဝီးလီး က ဖြေဆို ခဲ့သည်။

ဝီးလီး၏ ၅၄ နှစ်မြောက် မွေးနေ့ပွဲ အပြီး ယခုအပါတ် စနေနေ့က မော်ဒယ်လ် အမ်မာ ဟမ်းမင်း ( အသက် – ၃၂ ) လက်ထပ်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟုု ဘရုစ်ဝီးလီး က ထုတ်ဖေါ် ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ယင်း လက်ထပ်ပွဲသို့ ဝီးလီး ၏ ယခင် ဇနီးဟောင်း မင်းသမီး ဒင်မီမိုးလ်၊ ၎င်း၏ ခင်ပွန်း အက်ရှ်တ် ခတ်ရှာ နှင့် ဝီးလီး၏ သားသမီးများ ဖြစ်သော ရမ်းမားဝီးလီး ( ၂၀နှစ်)၊ စကောက် ( ၁၇နှစ် )၊ တော်လူလာ ဘဲလ် ( ၁၅ နှစ်) တို့နှင့် ရင်းနှီသော မိတ်ဆွေ အနည်းငယ်တို့သာ တက်ရောက်ကြ သည်ဟု သိရှိရသည်။

နောက်တကြိမ် လူသိရှင်ကြား အခမ်းအနား လုပ်ရန် ကယ်လီးဖိုးနီးယားသို့ ယမန်နေ့က ပြန်လည်ရောက်ရှိပြီး ဖြစ်သည်ဟု ဘရုစ်ဝီးလီး၏ ပြောရေးဆိုခွင့် ရှိသူမှ မီဒီယာများသို့ ထုတ်ဖေါ်ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here