ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ ထွက်ခွာ

alt

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Kasit Piromya ဟာ မြန်မာ နိုင်ငံကို ၂ ရက်ကြာ တရားဝင် သွားရောက် လည်ပတ်ဖို့ ဒီကနေ့ ထိုင်းနိုင်ငံကနေ ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ထိုင်း နဲ့ မြန်မာဆက်ဆံရေး ပိုမိုခိုင်မာအောင် နှင့် ရိုဟင်ဂျာကိစ္စဆွေးနွေးဖို့ အပြင်၊ ထိိုင်းနိုင်ငံ အတွင်း ရှိ တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ကိစ္စတွေ ဆွေးနွေးဖို ့ရှိတယ်လို့ သိရပါတယ်။ ၂ ရက်ကြာမြှင့် မယ့် မစ္စတာ ကဆစ် ဟာ ဒီနေ့ ညနေ ရန်ကုန်မြို့မှာ စစ် အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း တွေ့ဆုံမှာဖြစ်ပြီး၊ မနက်ဖန် မှာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ ့ တွေ ့ဆုံဖို ့ ရှိသလို မြန်မာနိင်ငံမှာရှိနေတဲ့ ထိုင်း စီးပွားရေး သမားတွေ နဲ့လည်း တွေ့ဖို့ ရှိပါတယ်။

နာဂစ် မုန်တိုင်း ကြောင့် ညောင်ဝေ ကျေးရွာမှာ ပျက်စီးသွားတဲ့ စေတီ ပုထိုးတွေ ပြန်လည် ပြုပြင် မွမ်းမံ ဖို ့အတွက် ထိုင်း ဘတ်ငွေ ၂ သန်း ပေးလှူဖို ့ ရှိတယ် လို့လဲ သိရပါတယ်။ ဒီခရီးစဉ် နဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ က ထုတ်ပြန်တဲ့ကြေညာချက်အရ ဆိုရင် လောင်စာဆီ စွမ်းအင် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး နဲ့ ဒေဝီ ပင်လယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်း၊ အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ရေး ကိစ္စတွေ အပြင် မူယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေ ကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ ရေးသား ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here