ဆွီဒင် ရေခဲ ဟိုတယ် မှ အာကာသ ခရီးသွား လက်မှတ်များ စတင် ရောင်းချ

alt

နာမည်ကျော် ဆွီဒင် ရေခဲ ဟိုတယ် အတွက် လက်မှတ်များ ကို စတင် ရောင်းချ နေပြီ ဖြစ်သည်။ အဆိုပါ ဟိုတယ် အတွင်း လာရောက် လည်ပတ် နားခိုသူများ သည် ရေခဲမှတ်အောက် (၈) ဒီဂရီထိ အေးခဲ နေသော ဟိုတယ် အတွင်း အိပ်စက် အပမ်းဖြေ ရမည် ဖြစ်သည်။

နိုင်ငံမြောက်ပိုင်း ကီရိုနာ တွင် တည်ဆောက် ထားသော ဟိုတယ် အပမ်းဖြေ မှ  အာကာသ သို့ ခရီးသွား ရန် ခရီးစဉ် အတွက် ကြိုတင် လက်မှတ်များကို Virgin Galactic’s Space က စတင် ရောင်းချ ပေးနေပြီ ဖြစ်သည်။ အဆိုပါ ခရီးစဉ် ၏ ပထမဆုံး အသုတ်မှာ (၂၀၁၂) တွင် စတင်မည်ဖြစ်သည်။  ရေခဲ ဟိုတယ် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ရိုလန်ဆန်းက ဟိုတယ်သို့ လာရောက် အပမ်းဖြေသူများ အနေ နှင့် ဆောင်းရာသီ ၏ အေးမြမှုကို အပြည့်အဝ ခံစား ရမည် ဖြစ်ပြီး ဆွီဒင် နိုင်ငံအတွင်း ထို ဒေသ ၏ ဆောင်းရာသီ ညသန်းခေါင်များ တွင် တွေ့ရသော နေ လုံး နှင့် နေရောင်ခြည် တို့ကိုပါ ထိတွေ့ခွင့် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုခရီးစဉ် အတွက် လက်မှတ်များ ကို အမေရိကန် ဒေါ်လာ (၂၀၀ ၀၀၀) ဖြင့် ရောင်းချ ပေးနေ သည် ဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here