နိုကီယာကုမ္ပဏီ အလုပ်သမားများ လျှော့

alt

နိုကီယာကုမ္ပဏီသည် လုပ်သား အင်အား (၁၇၀၀) မျှ လျှော့ချသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ ဖင်လန်နိုင်ငံ၊ အက်စ်ပူးအခြေစိုက် ကမာ္ဘ့အကြီးဆုံး မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး သည် ၎င်း၏ ၀န်ထမ်းအင်အား စုစုပေါင်းပမာဏ၏ (၃) ရာခိုင်နှုန်းမျှနှင့် ညီသော အဆိုပါ ပမာဏကို လျှော့ပစ်ရန် ပြင်ဆင် နေကြောင်း ၀န်ခံ ခဲ့သည်။

နိုကီယာ၏အဆိုအရ ၀န်ထမ်းအင်အား (၇၀၀) သည် ဖင်လန် နိုင်ငံ အတွင်းမှဖြစ်ပြီး (၁၀၀၀) ကမူ ဥရောပ၊ အာရှနှင့် မြောက်အမေရိက စက်ရုံခွဲများ မှဖြစ်ကြောင်း သိရသည်။ ဈေးကွက်အတွင်း မိုဘိုင်းလ်ဖုန်း ၀ယ်လိုအား ကျဆင်းလာမှုကြောင့် ကုမ္ပဏီ၏ ၀င်ငွေနည်းပါးလာမှုကို ကာမိစေရန် ယခု ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့ခြင်းဟု နိုကီယာ က ဆိုသည်။

ယခု လျှော့ချမည့် ပမာဏသည် ကမာ္ဘ့စီးပွားပျက်ကပ် စတင် ပြီးချိန်မှစ၍ နိုကီယာ ၏ အများဆုံး လျှော့ချ လိုက်သော ဦးရေ လည်းဖြစ်သည်။ နိုကီယာ သည် ကုန်ကျ စရိတ် လျှော့ပေါ့ရေး စီမံကိန်း တစ်ခုအဖြစ် ဂျပန် နိုင်ငံ ဈေးကွက် အတွက် ဖုန်းဒီဇိုင်း အသစ် ထုတ်လုပ်မှု ကိုလည်း ဆိုင်းငံ့ ထားလိုက် ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here