ခလေးများ ခွေးကိုက်ခံရမည့် အန္တရာယ် အကြီးမားဆုံး ကာလ

alt

ခလေးငယ်များ ခွေးကိုက်ခံရမည့် အန္တရာယ် အကြီးမားဆုံး အချိန်ကာလမှာ နွေရာသီတွင် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ က ဖော်ထုတ် တွေ့ရှိခဲ့သည်။

ထို့အပြင် အများအားဖြင့် ခွေးများ ကိုက်တတ်သည့် နေရာများမှာ လည်ပင်း နှင့် ခေါင်းအနီး နေရာများ ဖြစ်နေကြောင်း ဆရာဝန်များ က ပြောကြား ခဲ့သည်။ လေ့လာမှု စစ်တမ်းများ အရ နွေရာသီတွင် ခွေးကိုက်ခံရသည့် ခလေးငယ် အရေအတွက် သည် ကျန်အချိန်များ ထက် (၂၇) ရာခိုင်နှုန်း ပိုများ လေ့ရှိပြီး အများစုသည် လည်း ပါး၊ လည်ပင်း စသည့် မျက်နှာ၊ ဦးခေါင်း အနီး တဝိုက် နေရာများ ကို အကိုက်ခံရခြင်း ဟု ဆိုသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခွေးများသည် ပူပြင်းသည့် ရာသီဥတုတွင် တုန့်ပြန်မှု ပိုမို ပြင်းထန်တတ်သော သဘာဝ ရှိသောကြောင့် ဖြစ်ကြောင်း ဆရာဝန်များက ရှင်းပြခဲ့သည်။ အမေရိကန် တွင် မျက်နှာကို ခွေးကိုက်ခံရသည့် လူနာ အရေအတွက် (၄၄၀၀၀) အထိ နှစ်စဉ် ရှိနေတတ်ပြီး ၎င်းတို့အနက်မှ (၁) ရာခိုင်နှုန်းသည် အရေးပေါ် အခြေအနေထိ ရောက်ရှိ သွားတတ်ကြသည်။

ထို့အပြင် (၂၇) ရာခိုင်နှုန်းသော ခွေးကိုက်မှုများသည် အိမ်မွေးခွေးများကြောင့်ဖြစ်သောကြောင့် အထူးသဖြင့် နွေရာသီတွင် ခွေးများနှင့် လက်ပွန်းတတီး နေထိုင်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ကြောင်း ပညာရှင်များက သတိပေးထားသည်။ အဆိုပါ အချက်အလက်များ ကို မတ်လထုတ် Otolaryngology မဂ္ဂဇင်း၊ မျက်နှာ နှင့် လည်ပင်း ခွဲစိတ်မှု ကဏ္ဍတွင် ရေးသား ဖော်ပြထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here