အမ်မီဝိုင်းဟောက်စ် ၏ Tattoo ပညာရှင်တွင် HIV ပိုးရှိနေ

alt

ဗြိတိသျှ R&B ဂီတ အဆိုတော် အမ်မီဝိုင်းဟောက် မကြာခဏ Tattoo သွားထိုးလေ့ရှိသည့် Tattoo ပညာရှင်က ၎င်းတွင် HIV ပိုးရှိနေကြောင်း ထုတ်ဖော် ၀န်ခံ လိုက်သည်။

ဟင်နရီဟိတ်ခေါ် Tattoo ပညာရှင်သည် နာမည်ကျော် Celebrity များဖြစ်သည့် ပိဒိုဟာတီ၊ ဘွိုင်းဂျော့၊ ပရက်စတန်စသူတို့အား Tattoo ဖြင့် အလှဆင် ပေးနေသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် အပြင်းဖျားမှု တစ်ခု ခံစား ခဲ့ရပြီး နောက်ပိုင်း ဆေးစစ်မှုများ ပြုလုပ် ခဲ့ရာ အဆိုပါ ဗိုင်းရပ်စ် ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေနှင့် HIV ပိုးရှိမှု သွင်ပြင်များ ကို သိရှိထားပြီး ဖြစ်သောကြောင်း ဟိတ်က The Sun သတင်းစာသို့ ပြောကြား ခဲ့သည်။

AIDS ရောဂါသည် ဝေဒနာရှင်အား (၆) နှစ်အတွင်း သေရွာ ခေါ် သွားစေ တတ်သည်ကိုလည်း နားလည် ထားပါသည် ဟု ဟိတ် က ဆိုသည်။ သို့သော်လည်း ဟိတ်က ၎င်းမည်သို့ ရောဂါကူးစက်မှု ကြံုတွေ့ခဲ့ရသည်ဆိုသော အချက်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ ဟိတ်က ၎င်းအနေနှင့် ထို ရောဂါ ကြောင့် အမ်မီ ကဲ့သို့သော နာမည်ကျော်ဖောက် သည်များကို လက်လွတ်ခံရမည့် အလားအလာရှိကြောင်း ၀န်ခံ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here