နိုင်ငံခြား ကုန်သွယ်မှု တိုးတက်လျှက်ရှိနေ သုတေသီများက ခန့်မှန်း

alt

မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် (၂၀၀၈) ခုနှစ်၏ ပထမ (၁၁)လ အတွင်း အမေရိကန် ဒေါ်လာ (၁၀.၃၄) ဘီလျံ တိုးတက် လာခဲ့ကြောင်း သိရသည်။

ထိုပမာဏသည် ထိုနှစ် မတိုင်မီ တနှစ်ထိုအချိန် ကထက် (၁၆.၇) ရာခိုင်နှုန်း တိုးမြင့် လာခြင်းဖြစ်သည်။ ပို့ကုန် လုပ်ငန်းတွင် တိုးတက်မှု (၉.၅) ရာခိုင်နှုန်း မြင့်တက်လာပြီး ဒေါ်လာ (၆.၄၂) ဘီလျံမျှ ရရှိခဲ့ကြောင်း စစ်တမ်းများ အရ သိရှိရသည်။

သွင်းကုန် လုပ်ငန်းမှာလည်း ထိုနှစ်မတိုင်မီ တနှစ်ကထက် (၃၀) ရာခိုင်နှုန်းထိ ခုန်တက် လာသည်ဟု ဆိုသည်။ သဘာဝ ဓာတ်ငွေ့များ ပြည်ပသို့ တင်ပို့မှုသည် အဓိက တိုးတက်လာခဲ့ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ အဓိက ပေးပို့ခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် အနောက်အုပ်စု မဟာမိတ် နိုင်ငံများက မြန်မာ စစ်အစိုးရအား စီးပွားရေးအရ ပိတ်ဆို့ ထားသော်လည်း သဘာဝ ဓာတ်ငွေ့ ပေါကြွယ်ဝစွာ ထွက်ရှိမှုကြောင့် နိုင်ငံ၏ သွင်းကုန်၊ ထုတ်ကုန် ကဏ္ဍမှာ ဆက်လက် တိုးတက်လျှက် ရှိနေခြင်းဖြစ်ကြောင်း နိုင်ငံတကာ စီးပွားရေး သုတေသီများက ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here