ပျားရည်ဆမ်းအတွက် ၁၂၅သန်းတန် စံအိမ်ဝယ်မည့် အဆိုတော် မာရိုင်းကာရေး

alt

အဆိုတော် မာရိုင်းကာရေး သည် သူမ၏ ချစ်သူ အသစ်ဖြစ်သူ  နစ်ကင်နွိုမ် နှင့်  ပျားရည်ဆမ်း နေထိုင်ရန် ဆွီဒင်နိုင်ငံသူ ဘီလီလျံနာ တဦး ပိုင်ဆိုင်သည့် နာမည်ကျော် ဇိမ်ခံ စံအိမ်ကြီးအား ၀ယ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

နာမည်ကျော် တက္ကဆတ် သူဌေးကြီး စက်ပါစတိုင်း ၏ ဇနီးဟောင်း ဖြစ်သော ဆွီဒင် နိုင်ငံသူ ဆူဇန် ပိုင်သည့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ဘေဗါလီ ဟေးလ်ရှိ အီတာလျံပုံစံ ပြင်သစ်စတိုင် ခြယ်မှုန်းထားသော စံအိမ်ကြီးကို ဒေါ်လာ (၁၂၅) သန်းမျှဖြင့် ၀ယ်ယူသွားရန် ကာရီက Playboy အိမ်နှင့် ခြံမြေ ရောင်းဝယ်ရေး ဌာနတွင် စုံစမ်းလျှက်ရှိသည်။

(၅)ဧကမျှ ကျယ်ဝန်းသော အဆိုပါ စံအိမ်ကြီးသည် အိပ်ခန်း (၁၅)ခန်း၊ မီးဖို (၂)ခန်း၊ စာကြည့်တိုက် တခု၊ ရုပ်ရှင်ရုံ နှင့် Ballroom များ ပါ၀င်ပြီး နံရံများကို သားရေ နှင့် ရွှေသားများဖြင့် မွမ်းမံထားကြောင်း သိရသည်။

ကမာ္ဘ့တန်ဖိုး အမြင့်မားဆုံး နေအိမ်တခု အဖြစ် စာရင်းဝင်နေသော အဆိုပါ စံအိမ်ကြီးအား ကာရေး က အလွန် နှစ်သက်နေပြီ ဖြစ်ပြီး အမှန်တကယ် ၀ယ်ယူ သွားဖွယ်ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here