ပို့ပြီးသား Mail ပြန်ဖျက်ချင်လျှင် ရသည့် ထူးခြားသည့် ဂျီမေးလ်

alt

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ ၎င်းတို့ ပို့ထားသည့် Mail များကို ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်း ပေးလိုက်ကြောင်း သိရှိရသည်။

Undo Send ဟုအမည် ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။ မူလက G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ် နိုင်ချေ။

ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။ ထို Feature ကို အသုံးပြု လိုပါက G-Mail Account ထဲရှိ Setting တွင် Undo Send ဆိုသော နေရာလေးအား Enable ကလစ်လုပ် ပေးရန်သာ လိုအပ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here