ပွဲကြီး ပွဲကောင်များ ကြည့်ရတော့မည့် ဥရောပချန်ပီယံလိဂ်

alt

ဥရောပ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် မဲခွဲမှုများ အပြီး မန်ချက်စတာ ယူနိုက်တက် နှင့် အာစင်နယ် တို့သည် ပွဲချောင်သည်ဟု သတ်မှတ် နိုင်သော်လည်း

ဘာစီလိုနာ၊ လီဗာပူး၊ ချဲလ်ဆီး နှင့် ဘိုင်ယန် မြူးနစ် တို့မှာ ဆီမီးဖိုင်နယ် တက်ရေး အလွန် ခက်ခဲသည့် အခြေအနေနှင့် ကြံုနေရပြီ ဖြစ်သည်။

လက်ရှိ ဥရောပချန်ပီယံ မန်ချက်စတာ ယူနိုက်တက်သည် ပေါ်တူဂီ မှ ပေါ်တို နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး အာစင်နယ် ကမူ စပိန်ကလပ် အသင်း ဗယ်လာရီးယဲ နှင့် ထိပ်တိုက် တွေ့ဆုံ နေလျှက်ရှိသည်။

ယျေဘူယျ အားဖြင့် ပေါ်တို နှင့် ဗယ်လာရီးယဲ တို့သည် မန်ချက်စတာ နှင့် အာစင်နယ် တို့ထက် ကစားသမားအင်အား နည်းပါးသောကြောင့် အင်္ဂလန်နှစ်သင်း အတွက် ပွဲချောင်သည်ဟု သတ်မှတ် နိုင်မည်ဖြစ်သည်။

ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ပရိသတ် စိတ်ဝင်စားမှု အခံရဆုံး ပွဲမှာ အင်္ဂလန် ထိပ်သီးနှစ်သင်း ထိပ်တိုက်တွေ့မည့် လီဗာပူး – ချဲလ်ဆီးပွဲ ဖြစ်လာနိုင်ပြီး ဘာစီလိုနာ နှင့် ဘိုင်ယန်မြူးနစ် တို့မှာလည်း ဥရောပ၏ တိုက်စစ်အကောင်းဆုံး အသင်းများချင်း ဆုံတွေ့နေမှုကြောင့် အလွန် ကြည့်ကောင်းမည့် အလား အလာရှိကြောင်း အားကစားသတင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here