မြန်မာနိုင်ငံအတွင်းမှ အင်တာနက် အမြန်နှုန်းများ ယခုရက်ပိုင်း အတွင်း ကျဆင်းမည်

alt

Myanmar Teleport သည် ပြည်တွင်းရှိ အင်တာနက် လိုင်းများ မြန်နှုန်း ကျဆင်းမှု ရက်ပိုင်းမျှ ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် လိုက်သည်။

မတ်လ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ မြန်မာနိုင်ငံ အတွင်း အင်တာနက် ကြည့်ရှုမှုနှင့် Email အသုံးပြုမှုများ နှေးကွေး လေးလံနေမည်ဟု Myanmar Teleport ကဆိုသည်။

International Connection Backbone Fiber-Optic Cable ကြီးဖြစ်သည့် SEA-ME-WE3 အား ပြန်လည် မွမ်းမံမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် ယခုလို မြန်နှုန်း ကျဆင်းရခြင်း ဖြစ်ကြောင်း Myanmar Teleport က အကြောင်းပြဆိုသည်။

ပြင်ဆင်မှုများ ပြုလုပ်နေချိန် အတွင်း မြန်မာနိုင်ငံ၏ အင်တာနက် ချိတ်ဆက်မှုကို အရံ ဆက်ကြောင်းဖြင့် အသုံးပြုနိုင်ရန် စီမံ ပေးထားမည် ဖြစ်ပြီး အရေးပါသည့် E-Mail ဆက်သွယ်မှုများ မနှောင့်နှေးစေရန် ဂရုတစိုက် ဆောင်ရွက်ပေးမည်ဟု Myanmar Teleport က ထပ်လောင်း ကြေငြာချက် ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here