ကားဘော်ဒီတွင် အစင်းကြောင်း ထင်ပါက နေရောင်ခြည် စွမ်းအင်ဖြင့် ပြုပြင်နိုင်တော့မည်

alt

မော်တော်ကား ၀ါသနာအိုးများ အနေနှင့် မိမိ အလွန်နှစ်သက်သည့် ကား၏ ဘော်ဒီတွင် အစင်းထင် သွားသဖြင့် စိတ်ပျက်ရမှုမျိုး ကင်းဝေးတော့မည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

ကားဘော်ဒီ ပေါ်ရှိ ခြစ်ရာ၊ အစင်းကြောင်းများကို နေရောင်မှ ရရှိသည့် စွမ်းအင်ဖြင့် အလိုအလျောက် ပြုပြင် ကုစားသွားမည့် ဆေးတမျိုးကို အမေရိကန်နိုင်ငံ ဟိုက်တင်ဘက် ရှိ တောင်ပိုင်း မစ္စစ္စပီတက္ကသိုလ် မှ ပညာရှင်များက တီထွင်လိုက်သည်။

အဆိုပါ ဆေးကို တီထွင်ခဲ့သည့် ဒေါက်တာ မာရတ်အာဘန် က နေရောင်နှင့် ဓာတ်ပြုပြီး အဆိုပါဆေးရှိ ဓာတ်ပစ္စည်းများသည် အောက်ခံဆေးသားကို အလိုအလျောက် ဖြည့်ပေး သွားမည်ဟု ရှင်းပြခဲ့သည်။ ၎င်းအတွက် နေရောင်ထဲတွင် (၁၅)မိနစ်မှ မိနစ်(၃၀)ခန့် ကြာအောင် ထားရှိထားရန် လိုကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ထိုဆေးသည် ကားအောက်ခံ ဆေးသားအတွက် သီးသန့် အသုံးပြုရန် မဟုတ်ဘဲ CD များ၊ iPod Screen များ၊ လက်ကိုင်အိတ်များ၊ ဖိနပ်များနှင့် ပရိဘောဂများ အတွက်ပါ အသုံးချနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ပညာရှင်များက အဆိုပါဆေးကို လာမည ့်(၅)နှစ် အတွင်း ဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here