အင်္ဂလန်မြေမှာ ဘောလုံးပြန် ကစားချင်တဲ့ ကနုတ်တေး

alt

ဖရက်ဒီ ကနုတ်တေး က ၎င်းသည် ပရီးမီးယား လိဂ်သို့ ပြန်လည် ခြေချရန် စိတ်ကူး နေမိကြောင်း ၀န်ခံလိုက်သည်။

အသက် (၃၁)နှစ် ရှိပြီဖြစ်သည့် မာလီ လက်ရွေးစင် တိုက်စစ်မှူးသည် အင်္ဂလန် ပရီးမီးယား လိဂ်ကလပ် ၀က်စ်ဟမ်း ယူနိုက်တက် နှင့် တော့တင်ဟမ် ဟော့စပါး အသင်းများတွင် ကစားခဲ့ပြီး ထိုမှတဆင့် (၂၀၀၅) ခုနှစ်တွင် စပိန်ကလပ် ဆီဗီးလ် သို့ ယူရို (၄.၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ကနုတ်တေး က လက်ရှိတွင် စပိန်မြေ၌ အဆင်ပြေ နေသော်လည်း အင်္ဂလန် ဘောလုံးလောကသို့ ပြန်လာရန် ကြံစည် နေမိကြောင်း ပြောကြားလိုက်သည်။

၎င်း၏ အေးဂျင့်သည် အင်္ဂလန် ကလပ်များထံမှ ဆက်သွယ်မှု အတော်များများကို ရရှိထားသဖြင့် ၎င်း၏ ပရီးမီးယား လိဂ် တကျော့ပြန် အိပ်မက်မှာ ပိုမို နီးစပ်လာနေကြောင်း ကနုတ်တေးက ဆိုသည်။ ဆီဗီးလ် သည် အသင်းကောင်း တသင်းဖြစ်ပြီး စာချုပ် သက်တမ်းတိုးရန် ညှိနှိုင်းမှုမျိုး ပြုလုပ်နေသော်လည်း အခွင့်သာမည် ဆိုပါက အင်္ဂလန်တွင်သာ ပြန်ကစားလိုကြောင်း ကနုတ်တေးက သတင်းထောက်များသို့ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here