တရုတ် ကွန်မြူနစ်ပါတီ အကြီးတန်း ပေါလစ်ဗျူရို မှ လီချန်ချောင်း မြန်မာပြည်သို့ လာမည်

alt

တရုတ် ကွန်မြူနစ် ပါတီ အကြီးတန်း ပေါလစ်ဗျူရို မှ လီချန်ချောင်း နှင့် အဖွဲ့သည်် ဩစတြေးလျ၊ မြန်မာ၊ ဂျပန်၊ မြောက်ကိုရီးယား စသော ၄နိုင်ငံသို့ ယမန်နေ့က ဒေသတွင်း ခရီးစဉ်

 အဖြစ် ထွက်ခွာ သွားပြီဟု မတ်လ (၂၀) ရက်နေ့ ဆင်ဟွာ သတင်း ထုတ်ပြန်ချက် အရ သိရှိရသည်။

မစ္စတာလီ နှင့် တရုတ် ထိပ်သီး ပေါလစ်ဗျူရို ဗဟို ကော်မတီ ကိုယ်စားလှယ် အဖွဲ့ကို ဒေသခံ နိုင်ငံများမှ ဖိတ်ကြားချက် အရ ယခုလို ဒေသတွင်း ၄နိုင်ငံ ခရီးစဉ် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဘီဂျင်းမှ လာသော သတင်းများအရ သိရှိရသည်။

၎င်းထိပ်သီး ကိုယ်စားလှယ် အဖွဲ့တွင် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီမှ နိုင်ငံတကာ ရေးရာဋ္ဌာနမှ ဝမ်ဂျားဇူဝီ၊ ပြည်သူ့ရေးရာဋ္ဌာနမှ လျူရှုဂျန်း၊ နိုင်ငံတကာ ဆက်ဆံရေးရုံးမှ ညျွန်ကြားရေးမှူး ဝမ်ချမ်း၊ ယဉ်ကျေးမှု ဝန်ကြီး ကိုင်ဝူး၊ ရေဒီယို၊ ရုပ်ရှင်၊ တယ်လီဗေးရှင်း နှင့် အနုပညာ အကြီးအကဲ ဝမ်တိုင်ဟွာ၊ ပုံနှိပ်ဖြန်ချီရေး ညွှန်ကြားရေးမှူးချုပ် လျူဘင်ဂျီး တို့ ပါဝင်သည်ဟု ဘီဂျင်း အစိုးရမှ တရားဝင် ထုတ်ပြန် ကြေညာသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here