နောက်တခါ မျက်နှာ ခွဲစိတ်ဖွယ်ရှိတဲ့ မိုက်ကယ် ဂျက်ဆင်

alt

လန်ဒန်တွင် ဖျော်ဖြေပွဲ မလုပ်ခင် မျက်နှာ ခွဲစိတ်မှု နောက်တကြိမ် ပြုလုပ်သွားရန် မိုက်ကယ် ဂျက်ဆင် တယောက် ပြင်ဆင်နေကြောင်း ၎င်းနှင့် နီးစပ်သူ တဦးက ပြောကြား လိုက်သည်။

လန်ဒန်ထုတ် The Sun သတင်းစာသို့ မိုက်ကယ် ဂျက်ဆင်နှင့် ပုဂ္ဂိုလ်ရေး အရ ခင်မင်နေသူ အီယန် ဟက်ပရင်း က ထုတ်ဖော် ပြောဆိုခဲ့ရာတွင် Pop ဘုရင်ကြီးဟု တင်စား ခေါ်ဝေါ်ခြင်း ခံနေရသည့် ဂျက်ဆင်မှာ ၎င်း၏ မျက်နှာမှ ပျော့တွဲနေသည့် ဒါဏ်ချက်များကို ကုစားရန် ပလတ်စတစ် ဆာဂျရီ ပညာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အတော်များများနှင့် ဆွေးနွေးမှုများ ပြုလုပ် နေကြောင်း သိရသည်။

ဟက်ပရင်း က အသက် (၅၀) ရှိပြီဖြစ်သော ဂျက်ဆင်မှာ လန်ဒန်တွင် (၂၀၀၉) နှစ်လယ်ပိုင်းတွင် ပြုလုပ် ကျင်းပမည့်  သူ၏ ကွန်ဆတ် ဖျော်ဖြေပွဲကြီး မတိုင်မီ မျက်နှာ ခွဲစိတ်မှု ပြုလုပ် သွားဖွယ်ရှိကြောင်း ထင်ကြေး ပေးခဲ့သည်။

ဂျက်ဆင်၏ ဖျော်ဖြေပွဲကို ဇူလိုင်လ အတွင်း လန်ဒန်ရှိ O2 အားကစားရုံကြီးတွင် ကျင်းပသွားရန် စီစဉ်ထားပြီး ကြိုတင် လက်မှတ်များ ရောင်းချခဲ့ရာ နာရီအနည်းငယ် အတွင်း လက်မှတ်စောင်ရေ (၁)သန်းမျှ ပြိုက်ကနဲ ကုန်သွားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here