လက်ထပ်ဦးမည့် ဘရုစ်ဝီလီ

alt

မင်းသား ဘရုစ်ဝီလီ တယောက် လက်ထပ်ရန် စီစဉ်နေကြောင်း ဟောလီးဝုဒ် သတင်းများတွင် ဖေါ်ပြနေသည်ကို တွေ့ရှိရသည်။

မတ်လ (၁၉)ရက်နေ့က အသက်(၅၄)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည့် Die Hard မင်းသားသည် ၎င်း၏ချစ်သူ အမျိုးသမီး အတွင်းခံ အဝတ်အစား ကြော်ငြာမော်ဒယ် အမ်မာ ဟမ်းမန်း နှင့် ကာရစ်ဘီယန် ပင်လယ်အတွင်းရှိ ၎င်း၏ အပန်းဖြေစံအိမ် တည်ရှိရာ တက်စ် နှင့် ကိုင်ကို့စ် ကျွန်းတွင် လူအနည်းငယ်ဖြင့်သာ လက်ထပ်ပွဲ ဆင်နွှဲရန် စီစဉ်ထားသည်ဟု ဆိုသည်။

အမ်မာသည် အသက်(၃၃)နှစ် ရှိပြီဖြစ်ပြီး ၀ီလီ တယောက် မင်းသမီး ဒမ်မီမိုး နှင့် လမ်းခွဲပြီး အရေအတွက် အတော်များများမျှ တွဲခဲ့သည့် မော်ဒယ်များ အနက်မှ တဦးဖြစ်သည်။

ယခုအခါ ၀ီလီ နှင့် မိတ်ဆွေများ အဖြစ် ဆက်ဆံရေး ကောင်းမွန်နေသော ဒမ်မီမိုး သည်လည်း ထိုလက်ထပ်ပွဲကို မိသားစုနှင့်အတူ တက်ရောက်မည် ဖြစ်သည်။ မင်းသမီးဒမ်မီ နှင့် ခင်ပွန်းသည် အက်ရှတန် ကတ်ချား တို့သည် ယခုအခါ ၀ီလီ၏ စံအိမ်ကြီးတွင် ကြိုတင်ရောက်ရှိ တည်းခိုလျှက် ရှိကြောင်း သိရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here