အီရတ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လက်ခံတော့မည်

alt

ဆက်ဒမ်ဟူစိန် အစိုးရ ပြုတ်ကျပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အနောက် ကမာ္ဘမှ ခရီးသည်များ ကို လက်ခံ သွားတော့မည်ဟု အီရတ် အစိုးရ ကကြေငြာသည်။

မတ်လ (၁၉) ရက်နေ့က ထုတ်ပြန်လိုက်သော အဆိုပါ ကြေငြာချက် ကြောင့် (၆) နှစ်ကြာမျှ အီရတ် နိုင်ငံ ၏ အနောက်နိုင်ငံများမှ ကမာ္ဘလှည့် ခရီးသည်များ ၀င်ရောက်မှု အား ပိတ်ဆို့ ထားခြင်းသည် ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ မတ်လ (၈) ရက်နေ့က ဗြိတိန် (၅) ဦး၊ အမေရိကန် (၂) ဦးနှင့် ကနေဒါ လူမျိုး (၁) ဦးပါ၀င်သော ကမာ္ဘလှည့် ခရီးသည် အုပ်စု တစ်ခုသည် ဘဂ္ဂဒက်သို့ ဆိုက်ရောက် လာပြီး အီရတ်၏ သမိုင်းဝင် အထင်ကရ နေရာများကို လှည့်လည် ကြည့်ရှု ခဲ့သည်။

ဘေဘီလုံခေတ် ဘီလီကယ် မြို့တော် ခန်းမ၊ မိုးပျံဥယျာဉ် နေရာ အစရှိသည့် သမိုင်းဝင် နေရာများကို လေ့လာ ခဲ့သည်။ (၃) ပါတ်မျှ ကြာမြင့်မည့် အဆိုပါ ခရီးစဉ် ကို ဗြိတိန် ခရီးသွား အေဂျင်စီ တစ်ခုက စီမံ ပေးခဲ့ခြင်းဟု အီရတ် နိုင်ငံ ကမာ္ဘလှည့် ခရီးသွား နှင့် သမိုင်း အမွေအနှစ် ထိန်းသိမ်းမှု ၀န်ကြီး ဌာန က အတည်ပြု သည်။

လက်ရှိ အချိန်တွင် အီရတ် သည် ကမာ္ဘလှည့် ခရီးသည်များ အတွက် အန္တရာယ်ရှိသည့် နေရာတစ်ခု အဖြစ် သတ်မှတ်ခံ နေရသေးသည့်တိုင် နိုင်ငံ၏ ကမာ္ဘလှည့် ခရီးသွား လုပ်ငန်းသည် တစထက် တစ တိုးတက် လာမည်ဟု ယုံကြည်ထားကြောင်း ၀န်ကြီး ဌာနက ကြေငြာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here