ဒေးဗစ်ဗီလာ ၏ အနာဂါတ် မသေချာသေး

alt

မန်ချက်စတာ စီးတီးသို့ ပြောင်းရွှေ့မည်ဟု သတင်းကြီးနေသော စပိန် ရှေ့တန်းတိုက်စစ်မှူး ဒေးဗစ်ဗီလာမှာ စပိန် လာလီဂါ ထိပ်တန်းအသင်း ဘာစီလိုနာ ၏ ကမ်းလှမ်းမှုကြောင့် အင်္ဂလန်ကလပ်သို့ ပြောင်းရွှေ့ရေး တွေဝေသွားဖွယ် ရှိနေသည်ဟု သတင်းများအရ သိရှိရသည်။

၎င်းအနေနှင့် လီယွန် နယ်မက်ဆီအား သဘောကျကြောင်း ပြောဆိုထားသည့် ဗီလာမှာ မက်ဆီနှင့် တွဲကစားခွင့် ရမည့် ဘာစီလိုနာအား ပိုမို နှစ်သက်ဖွယ် ရှိသဖြင့် အဘူဒါဘီ ကုဋေကြွယ် သူဌေးများ ပိုင်ဆိုင်သည့် မန်ချက်စတာ စီးတီးမှာ ဗီလာအား လက်လွတ် ခံရဖွယ် ရှိနေသည်။

ယခင်က ဗလန်စီယာသည် ဗီလာအား မန်ချက်စတာ စီးတီးက ပေါင်သန်း(၄၀)နှင့် ကမ်းလှမ်းထားကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့၏ ကစားသမားကို အင်္ဂလန်ကလပ်သို့ ရောင်းချသွားရန် စီစဉ်ခဲ့သော်လည်း ဘာစီလိုနာ၏ ကြားဖြတ် ကမ်းလှမ်းလာမှုက ဗီလာတယောက် မန်ချက်စတာမြို့သို့ ပြောင်းရွှေ့ရေးအား ငြင်းဆန် ချင်လာအောင် တွန်းအား ပေးဖွယ်ရှိသည်။

ဗလန်စီယာက ဘာစီလိုနာသည် ဗလန်စီယာအား ကမ်းလှမ်းခဲ့ကြောင်း ၀န်ခံခဲ့သော်လည်း ပြောင်းရွှေ့ကြေး မည်မျှဖြင့် ကမ်းလှမ်းကြောင်းကိုမူ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here