အာဆီယံ ရိုးရာအစားအသောက် အရောင်းပွဲတော် ကျင်းပမည်

alt

ရန်ကုန်မြို့တွင် အာဆီယံဒေသတွင်း ဆိုင်ရာ ရိုးရာ အစားအသောက် အရောင်း ပွဲတော်တခု ကျင်းပသွားရန် ပြင်ဆင်နေကြောင်း Capital Hypermarket က ပြောကြားလိုက်သည်။

ယခင်မြို့တော်ဟောင်းတွင် ကျင်းပမည့် သကြင်္န်အကြို အာဆီယံ ဈေးရောင်း ပွဲတော်တွင် အာဆီယံ ဒေသတွင်း (၁၀)နိုင်ငံမှ ရိုးရာ အစားအသောက်များအပြင် တရုတ်၊ ဂျပန်၊ တိုင်ပေ၊ အိန္ဒိယနှင့် တောင်ကိုရီးယား အစရှိသည့် အာရှနိုင်ငံများမှ ရိုးရာ အစားအသောက် များကိုလည်း ခင်းကျင်း ရောင်းချသွားမည်ဟု သိရသည်။

အစားအသောက် ဈေးရောင်း ပွဲတော်ကို Sponsor ပေးသူများက ယခ ုပွဲတော်ကြောင့် အရှေ့တိုင်း၏ ယဉ်ကျေးမှု အစဉ်အလာများ ပိုမိုခိုင်မြဲစွာ ဆက်ယှက် နီးကပ်လာစေမည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ဈေးရောင်းပွဲတော်ကို မတ်လ (၂၇) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့ထိ (၁၅)ရက် ကြာအောင် ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here