Condom သုံးယုံ နှင့် AIDS ကို ကာကွယ်နိုင်မည်ဟု ပုပ်ရဟန်းမင်းကြီး မယုံကြည်

alt

Condom သုံးယုံဖြင့် AIDS ကူးစက်မှုကို တားဆီးနိုင်မည် ဆိုသည်ကို မိမိ မယုံကြည် ပါကြောင်း ပုပ်ရဟန်း မင်းကြီး ဘန်နီဒိ (၁၆)က ပြောကြား သွားသည်။

၎င်း၏ ပုပ်ရဟန်းမင်း ရာထူး လက်ခံပြီးနောက် ပထမဆုံး အာဖရိကတိုက် ခရီးစဉ် အဖြစ် ကင်မရွန်းနှင့် အန်ဂိုလာ နိုင်ငံများသို့ လာရောက်စဉ် ရဟန်းမင်းကြီးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရိုမန် ကက်သလစ် ခရစ်ယန် သာသနာ၏ သာသနာပိုင် ဖြစ်သော ရဟန်းမင်းကြီးက ၎င်း၏အမြင်တွင် Condom သည် AIDS တားဆီးရေးတွင် အထောက်အကူ ပြုသည် ဆိုရုံမျှသာ အခြေအနေ ရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

မတ်လ (၁၇)ရက်နေ့က ကင်မရွန်းရှိ ရိုရူဒီးမြို့ အလီတာ လီယာ လေဆိပ်တွင် သတင်း မီဒီယာများနှင့် လက်ခံ တွေ့ဆုံစဉ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရဟန်းမင်းကြီးက အာဖရိကသည် AIDS လျှင်မြန်စွာ ကူးစက်မှု ခံနေရသည့် ဒေသကြီးအဖြစ် ရပ်တည်နေကြောင်း၊ ထိုနေရာမျိုးတွင် အဖွဲ့အစည်းများ အနေနှင့် Condom များ ဝေပေးနေရုံဖြင့် ထူးခြားသော အကျိုးကျေးဇူးများ ရရှိမည် မဟုတ်ကြောင်း ဝေဖန် ထောက်ပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here