လီဗာပူးမှ မထွက်ခွာပါဟု လူးကတ် ပြောကြား

alt

လီဗာပူးမှ ထွက်ခွာရန် ပြင်ဆင် နေသည် ဆိုသော သတင်းများအား ကွင်းလယ်လူ လူးကတ် လီဗားက ငြင်းဆန် လိုက်သည်။

အသက် (၂၂)နှစ်ရှိ ဘရာဇီး လက်ရွေးစင် ကွင်းလယ်လူသည် အသင်းတွင် နေရာ မရသောကြောင့် ပရီးမီးယား လိဂ် အသင်းကို ကျောခိုင်းမည်ဟု သတင်း များက ဖော်ပြခဲ့ ပြီးနောက် ယခုလို ဖြေရှင်း ခဲ့ခြင်းဖြစ်သည်။

လူးကတ်က ၎င်းအနေနှင့် လီဗာပူးမှ ထွက်ခွာရန် ဘယ်တုန်းကမှ မစဉ်းစား ခဲ့ကြောင်းနှင့် မီဒီယာများ၏ ချဲ့ကားမှု သက်သက်သာ ဖြစ်ကြောင်း ထွက်ပေါ်နေသည့် သတင်းများအား တုန့်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် လီဗာပူးနှင့် သက်တမ်းရှည် စာချုပ်တရပ် အခိုင်အမာ ရှိနေသလို ၎င်း အနေနှင့်လည်း စာချုပ်ကို လေးစားသွားမည်ဟု လူးကတ်က ဆိုသည်။ ထို့အပြင် ၎င်း၏ချစ်သူ မိန်းကလေးမှာလည်း လီဗာပူးမြို့တွင် ပျော်ရွှင်နေသဖြင့် အသင်းကို စွန့်ခွာရန် ပိုမဖြစ်နိုင်ကြောင်း ပြောကြားသွားသည်။

သို့သော်လည်း လူးကတ်မှာ လီဗာပူးတွင် ပွဲထွက်ခွင့် နည်းပါးနေခြင်းကြောင့် ဘရာဇီး လက်ရွေးစင်အသင်း နောက်ပိုင်း ပွဲစဉ်များတွင် ရွေးချယ်ခံရမှု နည်းပါးလာနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here