ကမာ္ဘ့ အပါးလွှာဆုံး Laptop ဖြစ်လာတဲ့ Dell ရဲ့ Adamo

alt

Apple ကုမ္ပဏီထုတ် Macbook Air ကို ယှဉ်ပြိုင်ရန် Dell ကလည်း ပါးလွှာသော Laptop တမျိုး ထုတ်လုပ်ခဲ့ပြီ ဖြစ်သည်။

Dell အနေနှင့် Adamo ဆိုသော အမည်ကို လက်တင် ဘာသာစကားမှ တဆင့် သုံးစွဲထားခြင်း ဖြစ်ပြီး “မေတ္တာ သက်ဝင် သွားသည်” ဟု အဓိပ္ပါယ် ရကြောင်း သိရသည်။

ထို  Laptop သည် ကမာ္ဘ့ အပါးဆုံး ကွန်ပြူတာ ဆိုသည့် ဘွဲ့ကို ပိုင်ဆိုင်ထားသည့် Macbook အား အံတုနိုင်မည့် ကွန်ပြူတာ လေးလည်း ဖြစ်သည်။ ဈေးနှုန်းအားဖြင့် Dell ကွန်ပြူတာသည် ဒေါ်လာ (၂၀၀၀)မျှ ကျသင့်မည် ဖြစ်သောကြောင့် ဒေါ်လာ (၁၈၀၀)တန် Apple ကွန်ပြူတာထက် ဒေါ်လာ ၂၀၀ကျော် အနည်းငယ် ဈေးများသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

လုပ်ဆောင်ချက် အပိုင်းတွင်မူ Apple နှင့် Dell တို့၏ Laptop များသည် သိသိသာသာ ကွာခြားမှုမျိုး မရှိပေ။ Adamo ဟု အမည်ပေးထားသော အဆိုပါ ကွန်ပျူတာသည် Windows Vista ကို OS အဖြစ် သုံးစွဲထားပြီး (၀.၆၅)လက်မ မျှသာထူကာ (၄)ပေါင်သာ လေးသည်။

၎င်း၏ ပြိုင်ဘက် Macbook Air ကမူ (၀.၁၆) မှ (၀.၇၆) လက်မထိ ထူပြီး (၃)ပေါင်သာ လေးသည်။ ထို့ကြောင့် Dell ၏ Laptop သည် Apple ၏ Laptop ထက် ပိုပါးပြီး ကမာ္ဘ့အပါးဆုံး Laptop အဖြစ် စံချိန်တင်နိုင် ခဲ့သော်လည်း အပေါ့ဆုံးတော့ မဟုတ်ချေ။

ကမာ္ဘပေါ်တွင် လူသုံးအများဆုံး Windows Vista ကို သုံးစွဲထားခြင်းက အားသာချက် တခုဖြစ်လာနိုင်ပြီး Dell ကမူ Adamo ကြောင့် Laptop သုံးစွဲသူများ အတွက် ရွေးချယ်ခွင့် ပိုများလာကြောင်း ကြေငြာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here