လုပ်ဆောင်ချက် (၁၀၀) ကျော်ပါ၀င်သော iPhone Application တမျိုး Apple ဖြန့်ဝေ

alt

Apple ကုမ္ပဏီသည် iPhone အတွက် Software Update ပြုလုပ်နိုင်မည့် Application တမျိုး ထုတ်ဝေလိုက်ပြီ ဖြစ်သည်ဟု ကြေညာ လိုက်သည်။ 

ထို Application တွင် လုပ်ဆောင်ချက် ပေါင်း (၁၀၀) ကျော် ပါ၀င်နေပြီး Cut & Paste Function ကိုပါ ထည့်ပေး ထားကြောင်း သိရှိရသည်။ iPhone အသုံးပြုသူတိုင်း ထို Application ကို ယခုနှစ် နွေရာသီမှ စတင်ပြီး Free Download ရယူနိုင်ကြောင်း Apple က ကြေညာသည်။

သတ်မှတ် ပေးထားသော လုပ်ဆောင်ချက် အသစ်များအတွင်း Message အတွက် ပိုမို ကျယ်ဝန်းသော မျက်နှာပြင်ကို အသုံးပြု နိုင်ခြင်း၊ Mail များတွင် အလှအပ အဆင် တန်ဆာများ ထည့်သွင်းနိုင်ခြင်း စသည့် အားသာချက်များ ပါ၀င် လာမည်ဟု Apple ကဆိုသည်။

ထို့အပြင် Developer များအနေနှင့် iPhone အသုံးပြုပြီး ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချ နိုင်မည်ဟုလည်း သိရသည်။ iPhone မှတဆင့် Developer များ ဖန်တီးထားသည့် e-book များ၊ Game များနှင့် အခြားသော Application များစွာကို အရောင်းအဝယ် ပြုလုပ်နိုင်ရန် Third-party ၀န်ဆောင်မှု တခု ပါရှိလာမည်ဟု Apple က ဖော်ပြခဲ့သည်။

iPhone ကို အသုံးပြုသူများ အနေနှင့် အဆိုပါ Software ကို Free ရရှိမည် ဖြစ်သော်လည်း iPod Touch ကို အသုံးပြုသူများ ကမူ ထို Software အတွက် (၉.၉၅) ဒေါ်လာ ပေးချေရမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here