သမတ အိုဘားမား သမီးတွေ အားပေးလို့ ၀မ်းသာနေတဲ့ ဘီယွန်းဆေး

alt

ဘီယွန်းဆေး နိုးလ် က သူမ အနေနှင့် အမေရိကန် သမတ ဘာရက် အိုဘားမား၏ သမီးနှစ်ဦးက အားပေး သည်ကို ခံရမှုအပေါ် အလွန်ကျေနပ် ဂုဏ်ယူ မိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

အသက် (၂၇)နှစ်ရှိ အဆိုတော်မလေးသည် အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် သွားရောက်ကူညီ ဖျော်ဖြေခဲ့သူ ဖြစ်ပြီး သမတ မိသားစုနှင့်လည်း ရင်းနှီး လာခဲ့ရသည်။

မကြာသေးမီက အိုဘားမား ၏ သမီးနှစ်ယောက် ဖြစ်သော အသက် (၁၀)နှစ်ရှိ မယ်လီရာ နှင့် အသက်(၇)နှစ်ရှိ ဆက်ရှာ တို့က ဘီယွန်းဆေးကို အလွန် နှစ်သက်ကြောင်း သမတ ကတော် မစ်ရှယ် အိုဘားမားက ဖုန်းဆက် ပြောပြခဲ့သဖြင့် ဘီယွန်းဆေး တယောက် ကျေနပ်မဆုံး ဖြစ်နေရရှာသည်။

သူမက အမေရိကန် Vogue မဂ္ဂဇင်းသို့ ပြောကြားခဲ့ရာတွင် သမတ သမီးနှစ်ယောက်၏ အနှစ်သက်ဆုံး အဆိုတော် ဖြစ်ရခြင်းသည် ကံအလွန် ကောင်းသဖြင့် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုအကြောင်းကို သိခဲ့ချိန်က ၀မ်းသာလွန်း သဖြင့် Shock ပင် ရခဲ့သေးကြောင်း ၀န်ခံခဲ့သည်။

ထို့အပြင် သူမသည် အမေရိကန် သမတ၏ ငယ်ရွယ်သော သမီးနှစ်ယောက် အပေါ် လွှမ်းမိုးနိုင်ခြင်း ရှိခဲ့သည်ဟု ကိုယ့်ကိုကိုယ်ပင် မယုံကြည်ခဲ့ကြောင်း ဘီယွန်းဆေးက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here