မြန်မာပြည် မြို့ကြီး ၂မြို့တွင် အိတ်ချ်အိုင်ဗွီ နှုန်းထားမြှင့်သော လိင် အလုပ်သမများ တွေ့ရှိ

alt

စစ်အစိုးရ၏ ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာချက်ကို ကောက်နှုတ် ဖေါ်ပြရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်း မြို့ကြီး၂မြို့ ဖြစ်သော မန္တလေးမြို့ နှင့် လားရှိုးမြို့ရှိ

လိင် အလုပ်သမ များတွင် အိတ်ချ်အိုင်ဗွီ သယ်ဆောင်မှု  နှုန်းထား လွန်စွာ မြင့်မား နေသည်ကို တွေ့ရှိ ရသည်ဟု ကြေညာသည်။

၂၀၀၇ ခုနှစ်မှ စတင်ကာ နေရာ ၆ခုတွင် လိင် အလုပ်သမ ၉၄၅ ယောက်အား သန်းခေါင်စာရင်း ပြုစုရာ ၁၄၇ ယောက်တွင် အိတ်ချ်အိုင်ဗွီ သယ်ဆောင်မှု နှုန်းထား လွန်စွာ မြင့်မားနေသည်ကို တွေ့ရှိရသည်။

လားရှိုးတွင် ၂၂.၇ ရာခိုင်နှုန်း၊ မန္တလေးတွင် ၂၂.၆ ရာခိုင်နှုန်း၊ မြစ်ကြီးနားတွင် ၁၇.၉ ရာခိုင်နှုန်း၊ တောင်ကြီးတွင် ၁၄.၄ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၉.၆ ရာခိုင်နှုန်း၊ ကျိုင်းတုံတွင် ၁.၂ ရာခိုင်နှုန်း တွေ့ရှိ ရသည်။

အိတ်ချ်အိုင်ဗွီ အများဆုံး ဖြစ်ပွားနေသော အရွယ်မှာ အသက် ၃၀ နှင့် ၃၄ ကြားတွင် ၂၂.၈ ရာခိုင်နှုန်း၊ အသက် ၂၅နှစ်မှ ၂၉နှစ်ကြားတွင် ၁၈ ရာခိုင်နှုန်း၊ အသက် ၂၀နှင့် ၂၄ကြားတွင် ၁၇.၃ ရာခိုင်နှုန်း တို့ တွေ့ရှိရသည်။

အလန့်တကြား ဖြစ်သွားသော စစ်အစိုးရ ကျန်းမာရေး ဝန်ကြီးဋ္ဌာနသည် အိတ်ချ်အိုင်ဗွီ ရောဂါ ကာကွယ်မှု ကြိုတင်ပြင်ဆင်သော အနေဖြင့် လိင်ကုန်ကူးမှု ဒေသများ ဖြစ်သော ဟော်တယ်၊ အင်း၊ တည်ခိုခန်းများ၊ ကာရာအိုခေ ခမ်းမများ၊ နယ်စပ်ဒေသများ၊ သွားလာရန် ခက်ခဲသော မူးယစ်ဆေးဝါး ဖြန့်ဖြူးရာဒေသ နှင့် သုံးစွဲသူများအား ချဉ်းကပ်၍ ပညာပေးမှုများ ပြုလုပ်မည်ဟု ကြေညာလိုက်သည်။

၂၀၀၈ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ဒေသတွင် ပညာပေးမူ များပြုလုပ်ရာ အိတ်ချ်အိုင်ဗွီ ရောဂါ ဖြစ်ပွားသူ ၂၁၉၀ တို့ အကျိုးတူ လာရောက် ပူးပေါင်းသည်ဟု သိရှိရသည်။ UNAIDS အစီရင် ခံစာအရ ၂၀၀၁ ခုနှစ်တွင် အိတ်ချ်အိုင်ဗွီ ရောဂါ ဖြစ်ပွားသူ ၃သိန်း ရှိနေရာမှ ၂၀၀၄ ခုနှစ်တွင် ၂သိန်း ၄သောင်းသို့ လျှော့ချ နိုင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး ၂မြို့တွင် အိတ်ချ်အိုင်ဗွီ ရောဂါကူးစက်မှု နှုန်းထား မြင့်မားသော သူများ တွေ့ရှိရ၍ UNAIDS ၊  INGO အဖွဲ့များနှင့် ကျန်းမာရေးဋ္ဌာန ဝန်ထမ်းများမှ လွန်စွာ အံအားသင့်ရကြောင်း ပြောဆို သွားသည်။

alt

တဆက်ထဲ ထိုမြို့ကြီး ၂မြို့တွင် တီဗွီ ရောဂါ နှင့် ငှက်ဖျားရောဂါ ဖြစ်ပွား နှုန်းထားလဲ မြင့်မား နေသည်ကို တွေ့ရှိ ရသည်ဟု ထပ်လောင်း ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here