အီရန် ထောက်လှမ်းရေး လေယာဉ်အား အမေရိကန် လေတပ် ပစ်ချ

alt

အမေရိကန် လေတပ်မတော်မှ ဂျက် တိုက်လေယာဉ် တစင်းသည် အီရန် နိုင်ငံပိုင် ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ် တစင်းကို ပြီးခဲ့သော ဖေဖေါ်ဝါရီလက

ပစ်ချလိုက်ကြောင်း အမေရိကန် အစိုးရက ကြေငြာ လိုက်သည်။

ဘဂ္ဂဒက်မြို့ အရှေ့မြောက်ဘက် မိုင်(၆၀) အကွာသို့ ချင်းနင်း ၀င်ရောက်လာသည့် အီရန်ထောက်လှမ်းရေး Drone ကို အီရတ် လေပိုင်နက်သို့ ကျူးကျော် လာခြင်းကြောင့် ယခုလို ပစ်ချခဲ့ခြင်းဟု အမေရိကန် စစ်ဘက်က မတ်လ (၁၆)ရက်နေ့က ကြေငြာလိုက်သည်။

Ababil 3 ဟု အမည် ပေးထားသည့် အဆိုပါ Drone သည် မိုင်(၉၀)မျှ အကွာအဝေးထိ ပျံသန်းနိုင်ပြီး အမြင့်ပေ (၁၄၀၀၀) မျှအထိ ရောက်ရှိနိုင်ကြောင်း အာဏာပိုင် များကဆိုသည်။

ထို Drone လေယာဉ်ငယ်သည် ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် သီးသန့်ပုံစံ ထုတ်လုပ် ထားခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံသည် အီရန်နိုင်ငံမှာ ရှီးယိုက် မွတ်ဆလင် အကြမ်းဖက် သမားများကို ထောက်ပံ့နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲလျှက်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း တင်းမာ နေဆဲပင်ဖြစ်သည်။

ရှီးယိုက် တို့သည် ဘဂ္ဂဒက်ကို သိမ်းပိုက်ထားသည့် အမေရိကန် စစ်တပ်များအား အပြင်းထန်ဆုံး တိုက်ခိုက်နေသည့် စစ်သွေးကြွ အဖွဲ့အစည်း တခုလည်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here