နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကုလ လူ့အခွင့်အရေး အရာရှိ တောင်းဆို

alt

ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အရာရှိ မစ္စတာ ကွင်တာနာ က မြန်မာ စစ်အစိုးရအား ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား (၂၁၀၀)ကျော် တို့ကို လွှတ်ပေးပါရန် ယမန်နေ့က တောင်းဆို လိုက်သည်။

(၂၀၁၀) ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများကို ပြန်လည် လွှတ်ပေး လိုက်မှသာ မျှတသော ရွေးကောက်ပွဲတခု ဖြစ်လာမည် ဟု လူ့အခွင့်အရေး ကျွမ်းကျင်သူ တိုမက် အူဂျာ ကွင်တာနာ က ပြောကြား လိုက်သည်။

၎င်းသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသော အစီရင်ခံစာတွင်  မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ၊ အဓမ္မ လုပ်အားပေးများ၊ လူသား မိုင်းရှင်း ကရိယာ အဖြစ် သုံးစွဲသူများ အကြောင်းတို့ ပါဝင်သည်ဟု သိရှိရသည်။

  ကုလ – လူ့အခွင့်အရေး ကောင်စီမှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ တစောင်အရ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ အတွင်း နိုင်ငံရေးသမားများ ဖမ်းဆီးခံနေရမှုကို ရှုတ်ချထားကာ ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ်များ အနေနှင့် ယခုလို နိုင်ငံရေး သမားများအား ဖမ်းဆီးမှုသည် အခြေခံအကျဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု တခုကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း ၎င်းတို့က သတိပေးလိုက်သည်။

ကွင်တာနာက မြန်မာ စစ်အစိုးရ အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမား အားလုံးတို့အား လွတ်လပ်ခွင့် ပေးရန် တောင်းဆိုပါကြောင်း စာမျက်နှာ (၄၁) မျက်နှာရှိသည့် အစီရင်ခံစာ အတွင်း ထည့်သွင်း ရေးသားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here