လူနှင့် တူလာသော မော်ဒယ်လ် စက်ရုပ်

alt

HPR-4C ခေါ် စက်ရုပ်သည် လူနှင့် သဏ္ဍန်တူ စက်ရုပ်များ ထုတ်လုပ်နေမှု နည်းပညာ ကဏ္ဍအတွက် အောင်မြင်မှု မှတ်တိုင် တခုပင် ဖြစ်သည်။

အမျိုးသမီးပုံ ပြုလုပ်ထားသည့် အဆိုပါ စက်ရုပ် အတွင်း မော်တာအလုံး (၃၀)ကို တပ်ဆင်ထားပြီး သူမသည် လူသား အမျိုးသမီး တဦးကဲ့သို့ Catwalk ပင် လျှောက်နိုင်သေး၏။

ဂျပန်နိုင်ငံရှိ ဖက်ရှင်ပြပွဲ တခုအတွင်း ပြသသွားသည့် စက်ရုပ်မလေးသည် မျက်နှာပြင်အောက် တပ်ဆင်ထားသည့် မော်တာများကြောင့် ထိတ်လန့်ခြင်း၊ အံ့ဩခြင်း စသည့် စိတ် အခြေအနေများကိုလည်း ဖော်ပြနိုင်ကြောင်း သိရသည်။

alt

သူမသည် အသံဆာဆာဖြင့် Hello! Everyone … ဟု နှုတ်ဆက်နိုင်သည်။ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နိုင်သည်။ သူမ စကားပြော ချိန်တွင် သူမ၏ နှုတ်ခမ်းများ ကလည်း အလိုက်သင့် လှုပ်ရှား သွားနိုင်ကာ သူမ၏ ကိုယ်အလေးချိန် သည် (၆)စတုံ နှင့် (၉)ပေါင်မျှ ရှိသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ အမျိုးသား စက်မှုသိပ္ပံဆိုင်ရာ အဆင့်မြင့် ပညာရေးဌာနမှ ဟီရိုဟီဆာ ဟာရူကာဝါက နည်းပညာပိုင်းအရ HPR-4C သည် ၎င်းတို့ လိုချင်သည့် အဆင့်သို့ မရောက်ရှိသေးပါဟု ၀န်ခံခဲ့၍ အရပ် (၅)ပေ (၂)လက်မ မြင့်သည့် စက်ရုပ်သည် ပေါင်စတာလင် (၁၅၀၀၀၀) မျှ တန်ကြေးရှိပြီး တိုကျို တက္ကသိုလ်နှင့် အိုဆာကာ တက္ကသိုလ်မှ ပညာရှင်များကပါ ပူးပေါင်း တည်ဆောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here