ချစ်သူအသစ် ကို ပဲရစ် ဟီလ်တန် ချီးကျူးနေ

alt

ပဲရစ် ဟီလ်တန်က သူမ၏ ချစ်သူ အသစ်ကို အလွန် ဆွဲဆောင်မှု ရှိသည့် အမျိုးသား တဦးဟု ချီးကျူး လိုက်သည်။

ဒေါက် ရိန်းဟတ် နှင့် ချစ်သူ ဖြစ်နေသည့် ဟီလ်တန်က ဒေါက် သည် သူမ အတွက် အလွန် အာရုံကျစေသည့် အဖော်မွန်ဟု ဆိုသည်။

ဟီလ်တန် ဟိုတယ် လုပ်ငန်းစုကြီး၏ အမွေခံ သန်းကြွယ် သူဌေးမလေးသည် (၂၀၀၈) ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းက Good Charlotte အဖွဲ့ ဂစ်တာသမား ဘင်ဂျီ မက်ဒန် နှင့် လမ်းခွဲခဲ့ပြီး နောက်ပိုင်း အတိအလင်း တွဲသည့် အမျိုးသား မရှိခဲ့သော်လည်း ယခုနှစ် မတ်လမှ စပြီး ရိန်းဟတ် နှင့် စုံတွဲခုတ် နေခဲ့သည်။

ဟာဝိုင်အီ နှင့် ထိုင်းနိုင်ငံ တွင် အပမ်းဖြေ ခရီးထွက် နေသည့် သူမတို့ နှစ်ဦး၏ ပုံများကို Myspace ၀ဘ်ဆိုဒ် ရှိ ဟီလ်တန်၏ Blog တွင် ဖော်ပြ ထားပြီးနောက် သူမ၏ ဆွဲဆောင်အား ကောင်းသည့် ချစ်သူနှင့် အပျော်ခရီး ထွက်ရသည့် အတွက် အလွန် ကျေနပ်မိကြောင်း၊ ရိန်းဟတ် ပါလာသည့် အတွက် ဟာဝိုင်အီ၊ ထိုင်း ခရီးစဉ် သည် ပိုပျော်စရာ ကောင်းကြောင်း ဖြင့် ရေးသား ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here