သူခိုးနှင့် မှားယွင်း စွပ်စွဲခံရသည့် အဲဗာတန် တိုက်စစ်မှူး

alt

သူခိုးနှင့် မှားပြီး စွပ်စွဲခဲ့ မိသည့် အတွက် အဲဗာတန် တိုက်စစ်မှူး ဗစ်တာ အနီချီဘီ အား ဗြိတိန် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပုဂ္ဂိုလ်ရေး အရ တောင်းပန် ခဲ့သည်။

ချက်ရှိုင်းယားမှ လက်ထောက် ရဲ အရာရှိချုပ် ဂယ်ရီရှိ၀မ် က နိုက်ဂျီးရီးယား လက်ရွေးစင် ရှေ့တန်း လူအား ကျောက်မျက် ရတနာ သူခိုးတဦး အဖြစ် ဖမ််းဆီးရန် ကြိုးပမ်းခဲ့မှု အပေါ် ၀န်ချ တောင်းပန် ပါကြောင်း လူသိရှင်ကြား ကြေငြာ ခဲ့သည်။

လုံခြံုရေး ကင်မရာက ရိုက်ကူး ထားသော ပုံရိပ်များအရ လူနှစ်ဦး သည် ရတနာဆိုင် ကို ဖောက်ထွင်း ၀င်ရန် ကြံစည် နေသည် ကို တွေ့ရှိခဲ့ ပြီးနောက် ရဲတပ်ဖွဲ့က ထိုဆိုင်သို့ ချက်ချင်း သွားရောက်ခဲ့ရာ ဆိုင်အတွင်း ပြသ ထားသည့် လက်ဝတ် ရတနာများ ကို လမ်းမပေါ်မှ တဆင့် ကြည့်ရှု နေသည့် အနီချီဘီ အား သူခိုး ထင်ကာ ဖမ်းရန် ကြိုးပမ်း ခဲ့ကြခြင်း ဖြစ်သည်။

အနီချီဘီ ကမူ ဖြစ်ရပ် အတွက် စိတ်ပျက်မိ ကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here