ဇင်းနစ် အသင်း မန်ယူ မှ ဂိုးသမားအား ခေါ်ယူနိုင်ရန် စီစဉ်

alt

ရုရှား နာမည်ကျော် ဇင်းနစ် စိန့် ပီတာစဘတ် အသင်းသည် ဥရောပ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် မှ ပိုလန်ဂိုးသမား တိုမက်ကူဇက် ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိ ရသည်။

ဇင်းနစ်သည် ကူဇက် အတွက် ပေါင်(၄)သန်း အထိပေးကာ ကမ်းလှမ်း သွားရန် စီစဉ်နေသည်ဟု ရုရှားမီဒီယာ များကဆိုသည်။ အသက် (၂၆)နှစ်ရှိ ဂိုးသမားသည် မန်ချက်စတာ တွင် အက်ဒွင် ဗန်ဒါဆား နှင့် ဘန် ဖော်စတာ တို့နောက် အရံအဖြစ်သာ ကစားနေရ သဖြင့် မပျော်မရွှင် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်လာ အပြီး ဇင်းနစ်က ယခုလို ချဉ်းကပ်လာခြင်း ဖြစ်သည်။

ဇင်းနစ်၏ လက်ရှိ ဂိုးသမား ဗိုင်ချီဆလက် မာလဖိ မှာ နောက်နှစ်တွင် အသင်း၌ ဆက်ရှိရန် မသေချာတော့ သောကြောင့် ဇင်းနစ်က ကူဇက်အား ယခုလို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းများတွင် ရေးသား ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here