ရိုဟင်ဂျာများကို မြန်မာ စစ်အစိုးရ ပြန်လည် လက်ခံမည်

alt

အင်ဒိုနီးရှားသို့ လှေများဖြင့် ခိုးဝင် လာသည့် ရိုဟင်ဂျာ လူမျိုးများကို ပြန်လည် လွှဲပြောင်း လက်ခံရန် မြန်မာ စစ်အစိုးရက သဘောတူ လိုက်ပြီဖြစ်သည်။

အဆိုပါ ခိုးဝင် လာသူများသည် အင်ဒိုနီးရှားသို့ ဇန်နဝါရီလ ကတည်းက ရောက်ရှိ နေခဲ့ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့သော်လည်း မြန်မာ စစ်အစိုးရက ငြင်းဆန် နေခဲ့သည်။

အင်ဒိုနီးရှား အစိုးရ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဒီနို ပက်တီဂျာလား က ထိုကိစ္စနှင့် စပ်လျဉ်းပြီး မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် မတ်လ (၁၆) ရက်နေ့တွင် မြန်မာ စစ်အစိုးရ ဖက်မှ ရိုဟင်ဂျာ တို့အား ပြန်လည် လက်ခံရန် မီးစိမ်းပြ လိုက်ကြောင်း သိရသည်။

ဒီနိုက ရိုဟင်ဂျာ တို့သည် မြန်မာနိုင်ငံ အတွင်းမှဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ ပြသခဲ့ ပြီးနောက် မြန်မာ စစ်အစိုးရသည် ၎င်းတို့အား ပြန်လည် လက်ခံရန် သဘောတူခဲ့ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် အဆိုပါ ရိုဟင်ဂျာများကို အင်ဒိုနီးရှားနိုင်ငံ၊ အာချေး ခရိုင်တွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here