ဘီယာ သောက်ခြင်းကြောင့် ဆီးကြိတ် ကင်ဆာဖြစ်နိုင်

alt

ဘီယာ တပိုင့်(နှစ်ခွက်စီ) မျှ နေ့စဉ် နေ့တိုင်း သောက်သုံးခြင်းသည် ဆီးကြိတ် ကင်ဆာကို ဖိတ်ခေါ်သလို ဖြစ်လာ စေကြောင်း ပညာရှင်များက တွေ့ရှိ ခဲ့ကြသည်။

ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနသည် ဘီယာ၊ အရက်တို့ နှင့် ဆီးကြိတ် ကင်ဆာ ဆက်နွယ်မှုကို လေ့လာသည့် စစ်တမ်း (၃၅)ခုကို စုစည်းပြီး လေ့လာမှုများ ပြုလုပ်ကာ နောက်ဆုံး ရလဒ်အဖြစ် နေ့စဉ် ဘီယာတပိုင့် သောက်ပါက ဆီးကြိတ် ကင်ဆာ ဖြစ်လာနိုင်ခြေ (၂၀)ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။

တပါတ်အတွင်း ဘီယာ(၁၄)ခွက် ထက်မနည်း သောက်လေ့ ရှိသူများတွင် ထိုအချက်မှာ ပိုမို သိသာကြောင်း သုတေသီများက ဆိုသည်။ ဗြိတိန် နိုင်ငံတွင် အရက်နှင့် ဘီယာ နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိသူ (၉၀၀၀) မျှ နှစ်စဉ် ကင်ဆာဖြင့် သေဆုံး လျှက်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here