Google Earth ဖြင့် ရှေးခေတ် ဗြိတိန် ငါးဖမ်းထောင်ချောက် ရှာဖွေတွေ့ရှိ

alt

Google Earth ကို အသုံးပြုပြီး ဗြိတိန် ကမ်းခြေတွင် ရှေးနှစ်ပေါင်း (၁၀၀၀) ၀န်းကျင်က ဗြိတိသျှ လူမျိုးများ အသုံးပြု ခဲ့သည့် ငါးဖမ်း ထောင်ချောက်ကြီး တခုကို ရှာဖွေ တွေ့ရှိခဲ့သည်။

အဆိုပါ ထောင်ချောက်ကြီးအား ဝေလ ပြည်နယ် အနောက်ပိုင်း ကမ်းဦး ရေတိမ်ပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဒေသခံများက သဘာဝ သန္တာကျောက်တန်းကြီး တခုဟုသာ ယုံကြည် နေခဲ့ကြသည်။

အင်္ဂလိပ်စာလုံး V နှင့် ဆင်တူသည့် တဖက်ပွင့် ငါးဖမ်း ထောင်ချောက်ကြီးသည် ကိုက် (၂၈၀) မျှထိ ကြီးမား ရှည်လျားပြီး ရေတက်ရေကျ အချိန်ကာလ အလိုက် အသုံးပြုနိုင်အောင် စီမံထားသည်။

ကမ်းရိုးတန်း သဘာဝ ထိန်းသိမ်းရေး ပညာရှင် ဇစ်ဂေးအော့တိုက ထိုထောင်ချောက် အတွင်း ရေတက်ချိန်တွင် တိုးဝင်လာသော ငါးများသည် ဒီရေကျသွားချိန်တွင် ပိတ်မိနေပြီး လူများက လှေများ၊ ငါးမျှားတံများပင် မလိုအပ်ဘဲ ကမ်းခြေတွင် အလွယ်တကူ ဆင်းကောက်နိုင်အောင် ပြုလုပ်ထားခြင်းဟု ရှင်းပြခဲ့သည်။ ထို့အပြင် ထောင်ချောက် ဆင်ထားမှုသည် အလွန် စနစ်ကျကြောင်းလည်း ၎င်းက ချီးကျူးခဲ့သည်။

ဗြိတိန်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ၀န်းကျင်က ရေလုပ်ငန်းနှင့် ဆက်စပ် နည်းပညာများ အလွန် ထွန်းကားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here