မြောက်ကိုရီးယား ဂြိုလ်တုအား ဂျပန်က ကြားဖြတ် ပစ်ချမည်ဟု သတိပေး

alt

မြောက်ကိုရီးယား၏ ဂြိုဟ်တု ပစ်လွှတ်မှုအား ဂျပန်ကကြားဖြတ် ပစ်ချရန် စဉ်းစားထားကြောင်း သတိပေးလိုက်သည်။

ကမာ္ဘ့ စစ်အင်အား အတောင့်တင်းဆုံး ကွန်မြူနစ် နိုင်ငံသည် ဆက်သွယ်ရေး ဂြိုဟ်တုတလုံးကို မကြာမီ လွှတ်တင်ရန် စီစဉ်နေသော်လည်း အဆိုပါ ဂြိုဟ်တုအား အသုံးပြုပြီး တာဝေးပစ် ဒုံးကျည်များ ပစ်ခတ်နိုင်သဖြင့် အမေရိကန်နှင့် ပတ်ဝန်းကျင် နိုင်ငံများက စိုးရိမ်နေကြသည်။

၎င်းတို့က မြောက်ကိုရီးယားသည် အဆိုပါ ဂြိုဟ်တုကို အဖျက် လုပ်ငန်းအတွက် အသုံးချ သွားမည်ကို ပူပန်နေကြပြီး မြောက်ကိုရီးယား ဂြိုဟ်တုအား လွှတ်တင်သည် နှင့် ကြားဖြတ် ပစ်ချရန် စဉ်းစားနေကြသည်။

ထို အခြေအနေသည် တင်းမာမှုများကို မြင့်တက်လာစေပြီး မြောက်ကိုရီးယား ကလည်း ၎င်းတို့၏ ဂြိုဟ်တုကို ထိပါးလာမည့် မည်သို့သော နိုင်ငံကိုမဆို ရန်သူအဖြစ် တုန့်ပြန်သွားမည်ဟု ရာဇသံ ပေးထားသည်။ သို့သော်လည်း ဂျပန်က မြောက်ကိုရီးယားအား ဂြိုဟ်တု အစီအစဉ်ကို လက်လျှော့ရန် တိုက်တွန်းပြီး ဂြိုဟ်တု သယ်ဆောင်သွားမည့် ဒုံးပျံ လမ်းကြောင်း အတွင်း ဒုံးခွင်း ဒုံးစနစ်ဖြင့် ပစ်ချသွားရန် အသင့့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းရေး ကက်ဘိနက်ခေါင်းဆောင် တေကို ကူဝါမူရာ က ၎င်းတို့ ဒေသတွင်း လုံခြံုမှုကို ထိပါးလာမည်ဟု ယူဆရပါက မြောက်ကိုရီးယား ဂြိုဟ်တုကို ပစ်ချနိုင်ရန် အခွင့်အရေး အပြည့်ရှိကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယား ကမူ ငြိမ်းချမ်းရေး သဘောတူညီမှုများ အရ ၎င်းတို့သည်လည်း လွတ်လပ်စွာ ဂြိုဟ်တု လွှတ်တင်ခွင့် ရှိကြောင်း အရေးဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here