ဂီတ ဖျော်ဖြေပွဲ မတိုင်မီ အယ်လ်ဘမ် အသစ် ထုတ်ဝေရန် မိုက်ကယ် ဂျက်ဆင် စီစဉ်နေ

alt

မိုက်ကယ် ဂျက်ဆင်သည် ဇူလိုင်လ အတွင်း လန်ဒန်တွင် ကျင်းပ ပြုလုပ်မည့် ဂီတ ဖျော်ဖြေပွဲကြီး မတိုင်မီတွင် အယ်လ်ဘမ် တချပ် ထုတ်ဝေ သွားရန် အစီအစဉ် ရှိကြောင်း ယမန်နေ့က ပြောကြား လိုက်သည်။

အသက်(၅၀) အရွယ်ရှိ Pop ဂီတ ဘုရင်ကြီးက ၎င်း၏ အနုပညာ နှင့် ကာလ ကြာမြင့်စွာ ကင်းကွာ နေရသော ပရိသတ် အတွက် အယ်လ်ဘမ် တချပ် ထုတ်ဝေနိုင်ရန် ကြိုးစား နေကြောင်း ၀န်ခံခဲ့သည်။

၎င်းသည် စတူဒီယို အတွင်း သီချင်း သွင်းမှုများကို ဖျော်ဖြေပွဲတွင် သီဆိုရန် ပြင်ဆင်ထားမှုထက် ပိုမို သွင်းယူ နေကြောင်း ဂျက်ဆင်နှင့် နီးစပ်သူများက ဆိုသည်။ ဂျက်ဆင်၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ကလည်း ဂျက်ဆင်၏ ပရိသတ် များသည် ၎င်း၏ တကိုယ်တော် အယ်လ်ဘမ်သစ်ကို နားဆင်ရနိုင်သည့် အလားအလာ ရှိကြောင်း  အရိပ်အမွက် ပြောကြားလိုက်သည်။

အယ်လ်ဘမ်သစ် အတွင်း ဂျက်ဆင်အနေနှင့် မူလ လမ်းကြောင်းနှင့် ခွဲထွက်ပြီး အသစ်အဆန်းပုံစံ ဂီတများကို ထည့်သွင်း သီဆိုသွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here