မြန်မာနိုင်ငံမှ လက်ဖက် လုပ်ငန်း (၄၃)ခုအား ပိတ်ပင်

alt

မြန်မာ စစ်အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနက လက်ဖက် ရောင်းချမှု လုပ်ငန်း (၄၃)ခုအား ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်သည့် ဆိုးဆေးများ အသုံးပြု ထားမှုဖြင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

Auramine O အမည်ရှိ ဓာတုဆေးဝါး ဆိုးဆေးများ ပါ၀င်နေသည့် လက်ဖက်များကို ဈေးကွက် အတွင်းမှ ပြန်သိမ်းရန် ကျန်းမာရေး ၀န်ကြီးဌာနက ညွှန်ကြားလိုက်သည်။

တံဆိပ် (၄၃)ခု အနက် နာမည်ကျော် အရီးတောင်း၊ ပင်ပျိုရွက်နု၊ ရွှေတုတ်၊ ရည်မွန်၊ မြသီတာစသည့် တံဆိပ်များ ပါ၀င်နေပြီး ထိုတံဆိပ် များတွင် ပိုး၊ ချည်၊ စာရွက်နှင့် သားရေများကို ဆေးဆိုးရာတွင် အသုံးပြုသော ဓာတုဗေဒ ဆိုးဆေးများ ပါ၀င်နေကြောင်း သိရသည်။

ထိုလက်ဖက်များကို နိုင်ငံခြားသားများအား လက်ဆောင်ပေးရာ နှင့် နိုင်ငံရပ်ခြား ရောက်ရှိနေသော မြန်မာများကို ပေးပို့ရာတွင်လည်း အသုံးပြုလေ့ရှိပြီး ယခုအခါ အာဏာပိုင်များက ထို လက်ဖက်တံဆိပ်များ ရောင်းချခွင့်ကို လုံးဝ ပိတ်ပင်ထားပြီး ဖြစ်သည်။

စစ်အစိုးရ အာဏာပိုင်များက ပြည်သူလူထု ကျန်းမာရေးနှင့် လျော်ညီသည့် အရည်အသွေးမျိုး မရရှိခင် အထိ အဆိုပါ လက်ဖက် တံဆိပ်များကို ပြန်လည် ရောင်းချခွင့် ပြုသွားမည် မဟုတ်ဟု ကြေငြာချက် ထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here