ဂျနီဖာ အနစ္စတန် တို့ နောက်တကြိမ် လမ်းခွဲ ကြပြန်ပြီ

alt

ဂျနီဖာ အနစ္စတန် နှင့် ဂျွန်မေယာတို့ နောက်တကြိမ် လမ်းခွဲ ခဲ့ပြီဖြစ်သည်။ မူလက တကြိမ် လမ်းခွဲဖူးသည့် ချစ်သူှနှစ်ဦးသည် ကိုယ်ရေးကိုယ်တာ မပြေလည်မှု များကြောင့် ၎င်းတို့၏ အချစ်ဇာတ်လမ်းကို နောက်တကြိမ် အဆုံးသတ်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လန်ဒန်သို့ Marley & Me ဇာတ်ကား အရောင်းမြှင့်တင်ရေး အစီအစဉ်ဖြင့် ရောက်ရှိနေသော အသက်(၄၀) အရွယ် မင်းသမီးက သူမထက် (၉)နှစ် ငယ်သော မေယာ ကို လမ်းခွဲခဲ့ပြီဟု ထုတ်ဖော်ဝန်ခံခဲ့သည်။

မေယာသည် အော်စကာ ဆုနှင်းသဘင်တွင် ၎င်းအနေနှင့် ယူရိုငွေ နှစ်သန်းမျှ တန်ဖိုးရှိသော လက်ထပ်လက်စွပ် တကွင်းအား ၀ယ်ယူပြီး ဂျင်နီဖာ အနစ္စတန်ကို လက်ထပ်ခွင့် တောင်းခံသွားမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း ယခုသော အခါ ဇာတ်လမ်း ဆုံးခဲ့ပြီဟု ပရိသတ်များက သုံးသပ်နေကြသည်။

ဂျင်နီဖာ အနစ္စတန်သည် အချစ်ရေးတွင် ကံမကောင်းသည့် ဟောလီးဝုဒ် မင်းသမီး တလက်ဖြစ်ပြီး တချိန်ကလည်း ခင်ပွန်းသည် မင်းသား ဘရတ်ပစ်၏ စွန့်ပစ်မှုကို ခံခဲ့ ရသေးသည်။

ဂျင်နီဖာက သူမ၏ ဘဝတွင် နောက်ဆုံး ပါတ်သက်သည့် ယောက်ျားမှာ မေယာ ပင်ဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားထားရာ ယခုကဲ့သို့ မေယာနှင့် လမ်းခွဲပြီး ဘာဆက် ဖြစ်လာမည်ကို ပရိသတ်များက သိချင်လျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here