ကလီယို ပက်ထရာ ၏ ညီမ အရိုးစု ရုပ်ကြွင်းများ တွေ့ရှိ

alt

မနုဿဗေဒ ပညာရှင်များက အီဂျစ် ဘုရင်မ ကလီယို ပက်ထရာ၏ ညီမ ဖြစ်သူ၏ အရိုးစု ရုပ်ကြွင်းကို လေ့လာမှုများ ပြုလုပ်ပြီးနောက် အဆိုပါ မင်းသမီးသည် လုပ်ကြံ ခံရပြီး နတ်ရွာ စံကြောင်း ဖော်ထုတ် နိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်(၂၀၀၀)က ရှင်သန်ခဲ့သည့် အီဂျစ် မင်းသမီး အာဆီနိုး သည် လုပ်ကြံ ခံရသဖြင့် ကွယ်လွန်သည်ကို အတည်ပြု နိုင်ခဲ့ကြောင်း ဩစတြီးယန်း ပညာရှင်များက အတည်ပြု လိုက်ပြီ ဖြစ်သည်။

၎င်းသည် တိုလီမိတ် မင်းဆက်၏ မဟာဆီ မဟာသွေး မင်းသမီး တပါးလည်း ဖြစ်ကာ မင်းသမီး၏ ရုပ်ကြွင်းကို တူရကီနိုင်ငံ အက်ဖီးဆက်ရှိ ရှေးဟောင်း သင်္ချိုင်းဂူ တခုထဲမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အာဆီနိုး သည် အစ်မတော် ကလီယို ပက်ထရာ နည်းတူ အီဂျစ်နိုင်ငံတွင် ဩဇာအာဏာ ထက်မြတ်သည့် မင်းသမီး ဖြစ်ကြောင်း သိရသည်။ သုတေသီများက ကလီယို ပက်ထရာ သည် သူမနည်းတူ လက်စောင်း ထက်လာသည့် ညီမအား ရောမဘုရင် မတ် အန်တိုနီကို လုပ်ကြံစေခဲ့သည်ဟု ယူဆလျှက် ရှိကြသည်။

ရုပ်ကြွင်းအား တွေ့ရှိခဲ့သူ ဒေါက်တာဟိုက် သူယာ က မင်းသမီး၏ အရိုးစုကို အပြည့်အစုံ ရှာတွေ့ ရှိခဲ့ကြောင်းနှင့် သူမ၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့မှုကြောင့် ကလီယို ပက်ထရာသည် ဒဏ္ဍာရီလာ ပုံပြင်ထဲမှ ဘုရင်မတပါး မဟုတ်ဘဲ အီဂျစ်သမိုင်းတွင် အမှန်တကယ် သက်ရှိထင်ရှား ပေါ်ပေါက်ခဲ့ကြောင်း ခိုင်မာစွာ ပြဆိုနိုင်ခဲ့သည်ဟု ရှင်းလင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here